Ep - 5

375 37 6
                                    

ပေကျင်းမြို့ထဲရှိ အထပ်မြင့် ကွန်ဒို တစ်ခုတွင် အိပ်ခန်းထဲက ကုတင်ပေါ်မှာ ကောင်လေး တစ်ယောက် အိပ်နေပြီး ... နောက်ထပ် ကောင်လေး တစ်ယောက်ကတော့ ထမင်းစား ခန်း လုပ်ထားတဲ့ အခန်းမှာ မနက်စာ ပြင်ဆင်နေတယ်။

နှစ်ဖက်မိဘတွေ တွေ့ဆုံပြီး နားလည်မှုတွေ ယူပြီးသွားကြတော့ ကောင်လေး နှစ်ယောက်က သူတို့ နှစ်ယောက် အတွက် တစ်ယောက် နဲ့ တစ်ယောက် ဒီထက် ပိုပြီး အကြောင်း သိဖို့ ဆိုတဲ့ အကြောင်းပြချက်နဲ့ ခုကတည်းက အိမ်ခွဲနေဖို့ တောင်းဆိုထားကြတာကြောင့် နှစ်အိမ် ပေါင်းပြီး သူတို့ကို ကွန်ဒို တိုက်ခန်း တစ်ခု ဝယ်ပေးထားတာ ဖြစ်သည်။

ရှောင်းကျန့် သူတောင် မနက်စာ ပြင်ဆင်ပြီးပြီကို ခုထိ ထ မလာသေးတဲ့ ပေါ်တိ ကြောင့် နာရီကို ကြည့်တော့ မနက် ၇ နာရီခွဲကို ပြနေပြီ။

~~~~~~~~

ပေါ်တိ က တကယ် ချောတာပဲ။ ခုလို မနက်ခင်း အချိန်မှာ မနေ့က မျက်နှာ ဖြစ်နေသေးတာတောင် အပြစ် အနာဆာ မရှိတဲ့ မျက်နှာက သစ်စရာတောင် မလိုတော့ဘူး။

ရှောင်းကျန့် သူ့ ကလေးလေး အိပ်နေတာကို ကြည့်နေရင်း ကုတင်ပေါ် ထိုင်ချပြီး ပေါ်တိ ခေါင်းအုံး နေတဲ့ ဘက်ကို ကိုယ် ကို ကိုင်းသွားရင်း သူ့ နှာခေါင်းနဲ့ ပေါ်တိရဲ့ နှာခေါင်းကို တို့ထိရင်း နှိုးလိုက်သည်။

' ကလေးလေး ထ တော့ ...။'

ရိပေါ် မျက်လုံးကို ဖွင့်ကြည့်တော့ သူ့ကို ပြုံးကြည့်နေတဲ့ ကျန့်ကော ကြောင့် ဟန်ဆောင် ပန်ဆောင် မ ထ ချင်သေးသလိုနဲ့ မျက်လုံးကို ပြန်မှိတ်ပြီး တစ်ဖက်ကို လှည့်ဖို့ ပြင်လိုက်သည်။

' ဟိတ် !!! ထပ်မအိပ်နဲ့တော့။ ထ တော့ ... ကျောင်းသွားရမယ်လေ။'

ရိပေါ် ကျန့်ကော ရဲ့ လက်က သူ့ကို ဆွဲဖို့ အရှေ့ကို ရောက်လာတာနဲ့ အလျင်အမြန် ကျန့်ကော ရဲ့ လက်ကို ဆွဲပြီး ကိုယ်ကို ပက်လက် ပြန်လှန်လိုက်သည်။

' အ !!!.'

ရှောင်းကျန့် အငိုက်မိပြီး ပေါ်တိ ပေါ် ကိုယ် တစ်ခြမ်း ရောက်သွားတော့မှ ပြုံးတုံ့တုံ့ လုပ်နေတဲ့ ကလေးလေးကြောင့် မျက်စောင်း ထိုးလိုက်ပြီး ...

Lucky no.16 Change to no.6  ( Completed )Where stories live. Discover now