Ep - 4

432 43 7
                                    

Xiao အိမ်တွင် ...

' ကျန့်ကျန့် ဒီနေ့တော့ မား တို့ရဲ့ ဆိုင်ကို လာမယ်မလား ...။'

' သား အငယ်လေးရဲ့ ဆိုင်ကို သွားပေးရအုံးမယ် မားမား ...။ သူက မီနူး ထပ်ဖြည့်ချင်တယ်တဲ့ ...။'

' သား က နေ့လည် ကျ အငယ်လေးရဲ့ ဆိုင်ကို သွားတယ်။ ည ကျလည်း အကိုကြီးရဲ့ ဆိုင်ကို သွားတယ်။ မားမား တို့ဆီကျ ဘယ်တော့လာမှာလဲ ...။'

' မင်းကလည်း သူ မအားသေးလို့ မလာတာလေ။ မင်းရဲ့ သားငယ်ကို သင်တန်း သွားတက်ခိုင်းဆိုတာကို မင်းပဲ မလွှတ်ချင်နေပြီးတော့ ...။'

ရှောင်မား သူ့ယောကျာ်း ပြောမှ သူ့သားကို ကြည့်လိုက်ပြီး ...

' သားငယ် ကရော သားရဲ့ အာ့ကော လို သင်တန်း သွားတက်ချင်လား ...။'

' မတက်ချင်ဘူး ...။ သား မားမား ကို မခွဲနိုင်ဘူး ...။'

ရှောင်းကျန့် မားမား ဘာမှမပြောခင် သူ့ညီကို စ လိုက်သည်။

' အချွဲလေး ... ပျင်းရင် ပျင်းတယ်ပေါ့ ...။'

' မပျင်းပါဘူး ...။ ကျနော် က မားမား ကို တစ်ယောက်တည်း မထားသွားချင်လို့ပါ ...။'

ရှောင်းကျန့် သူ့ညီလေးရဲ့ ပြန်ပြောလာတဲ့ စကားကြောင့် ပြုံးလိုက်ပြီး ...

' ကော တို့ ၄ ယောက်ထဲမှာ မားမား က မင်းကို အချစ်ဆုံး ဖြစ်နေပါပြီ။ ထပ်ချွဲပြ စရာ မလိုတော့ပါဘူး ...။'

' ချစ်ရမှာပေါ့ ...။ သားငယ်က မရတော့ဘူး ထင်ပြီးမှ ထပ်ရလာတာလေ။ သူ က ဘုရားက ပေးတဲ့ နောက်ဆုံး လက်ဆောင် ပဲ။'

' ချစ်ပါ ... ချစ်ပါ ...။ သား လည်း သားကို ပိုချစ်တဲ့ လူကိုပဲ ရှာလိုက်တော့မယ်။'

' သား မှာ ချစ်ရမယ့် သူ ရှိနေပြီလား ...။'

ရှောင်းကျန့် သူ့ကို မေးလာတဲ့ ပါး ကို ကြည့်လိုက်ပြီး ...

' သား ကတော့ သူ့ကို ချစ်နေပြီ။ သူလည်း သား ကို သဘောကျနေတဲ့ အရိပ်အယောင်တော့ တွေ့ပါတယ်။'

' သား အီတလီ မှာ စားဖိုမှုး သင်တန်း သွားတက်ရင်း တွေ့လာတာလား ...။'

ရှောင်းကျန့် မားမား ကို ခေါင်းခါပြလိုက်ပြီး ...

' မဟုတ်ပါဘူး ...။ သူနဲ့ တွေ့တာ ၃ ခါပဲ ရှိသေးတယ်။'

Lucky no.16 Change to no.6  ( Completed )Where stories live. Discover now