Ep - 3

374 48 11
                                    

နံနက်ခင်း နေရဲ့ အလင်းရောင် ထွက်လာပြီဆိုတာနဲ့ တရိစ္ဆာန်လေးတွေလည်း အသက်ရှင်ဖို့ ဝမ်းစာရေးအတွက် လှုပ်ရှားနေကြရသလို ၊ အသိဥာဏ် ပိုရှိတဲ့ လူသားတွေကလည်း ပိုပြီး သတိ ဝိရိယ ရှိပြီး ကိုယ့်အသက်မွေး ဝမ်းကျောင်းအတွက် ကိုယ်စီ စတင် လှုပ်ရှားနေကြလေပြီ။

အိမ် တစ်အိမ်တွင် ခါတိုင်းဆို မနက်စာ ကို အိမ်မှာ မစားတဲ့ ကလေးက ဒီနေ့တော့ ဘယ်သူမှတောင် မခေါ်ရသေးဘူး သူ့ဘာသာ ထမင်း စားပွဲမှာတောင် ထိုင်နေခဲ့ပြီ။

' အမလေးတော် ... ဒီနေ့တော့ နွေရာသီ နွေလယ် ခေါင်ခေါင်မှာ မိုးတွေ ရွာချတော့မယ် ထင်တယ်။'

' မား ကလည်း အပိုတွေ ပြောပြီ။ သား က ပါး နဲ့ မား နဲ့ ထမင်း အတူ စားချင်လို့ပါ။'

ဝမ်ပါး သူ့သား စကားကြောင့် မယုံချင်ဘူး ဆိုတဲ့ မျက်နှာနဲ့ မဲ့ပြုံး ပြုံးလိုက်ပြီး ...

' ဘာလဲ ... ကဒ်ထဲ ပိုက်ဆံ ကုန်သွားပြန်ပြီလား။'

' မကုန်သေးပါဘူး။ သား က ပါး နဲ့ မား နဲ့ အတူ ထမင်းစားချင်လို့ ပါဆို ...။'

ဝမ်မား သူ့သား အတွက် ထမင်း တစ်ပန်းကန် ခူးပေးလိုက်ပြီး သူ ပါ ထမင်း စားပွဲမှာ ဝင်ထိုင်လိုက်သည်။

ရိပေါ် ထမင်း ပန်းကန်ထဲက ထမင်းကို မစားသေးပဲ မွှေနှောက်ရင်း မား ကို တစ်ချက် ခိုးကြည့်လိုက်သည်။

အဲ့ဒါကို ဝမ်ပါး က သိသည်။ သူ့သား မူမမှန်ဘူးဆိုကတည်းက သူတို့ဆီက တစ်ခုခု လိုချင်တာ ရှိနေလို့ဆိုတာ သိပြီးသား။ အဲ့ဒါက သူတို့မွေးမှ လူ ဖြစ်လာတဲ့ ကလေးက ပါး နဲ့ မား နဲ့ အတူ ထမင်းစားချင်လို့ပါဆိုပြီး ပေါ်တင် လိမ်ပြနေတယ်။

' ဝမ်ဝမ် ... ထမင်း စားမှာဆို ...။ ဘာလုပ်နေတာလဲ ...။ ပြီးတော့ ပြောစရာ ရှိတာ ပြောလေ။ ထမင်းလည်း မစား...၊ ပြောစရာ ရှိတာကိုလည်း မပြောပဲ ဟို ဒီ ကြည့်နေရင် သားပဲ ကျောင်း နောက်ကျမှာ။'

ဝမ်မား သူ့ယောကျာ်း စကားကြောင့် သူ့သား ကို တစ်ချက်ကြည့်လိုက်ပြီး ...

' သား က ဘာပြောစရာ ရှိလို့လဲ ...။'

ရိပေါ် မနေ့ည သူ့ဘာသာ တစ်ညလုံး စဉ်းစားပေမယ့် ဘာ အကြံဥာဏ်မှ မထွက်တာကြောင့် မား ကို မေးကြည့်ဖို့ တွေးထားတာပင်။

Lucky no.16 Change to no.6  ( Completed )Where stories live. Discover now