Ep - 2

446 50 9
                                    

ပေကျင်းမြို့ရဲ့ ညလေးကတော့ အဆောက်အဦး ကို အလှဆင်ထားတဲ့ မီး နဲ့ လမ်းမပေါ် သွား လာ နေတဲ့ ကား မီးရောင်နဲ့ ထိန်ထိန် လင်းနေအောင် တန်ဆာ ဆင်ထားတယ်။

ပေကျင်းရဲ့ လမ်းမ ကတော့ ချဲ့သလောက်ကို ကား တွေနဲ့ ပြည့်ကြပ်နေတုန်း။

မနက်ဆိုလည်း မနက်မို့ သွား လာ နေကြတယ်။ ည ရောက်ပြန်တော့လည်း လေညှင်းခံချင်လို့ ထွက်လည် တဲ့ သူတွေ ရှိသလို၊ ဝမ်းစာရေး အတွက် အလုပ် သွားပြီး မိုးချုပ်နေပြီကို အိမ်ပြန်မရောက်နိုင်သေးပဲ ကား လမ်းကြပ်နေလို့ လမ်းပေါ်မှာတင် အချိန်ကုန်နေသေးတဲ့ သူတွေလည်း ရှိတယ်။

တစ်ချို့ကျလည်း တစ်နေကုန် အလုပ် သွားလုပ်ထားရတာကြောင့် ည ရောက်မှ မျက်စိ အစာကျွေး၊ ဝမ်းဗိုက်ကို ဖြည့် ဆိုတဲ့ ခေါင်းစဉ် နဲ့ ညစျေးတန်းတွေ လျှောက်ပတ်နေကြတယ်။

ညစျေးတန်းတွေမှာ လူစည်နေသလို စားသောက်ဆိုင်တိုင်းမှာလည်း လူတွေ ပြည့်နေတယ်။ တစ်ချို့ကျလည်း ပိုက်ဆံတွေ အလွယ်တကူ ရတော့ အိမ်မှာတောင် အိုးခွက် ပန်းကန်တွေ မထား ထားသလား အောက်မေ့ရတဲ့ထိ စားသောက်ဆိုင်မှာတင်ပဲ ပိုက်ဆံပေး စားသောက်နေတယ်။

ကောင်လေး တစ်ယောက်ကတော့ သူ ဝါသနာ ပါတဲ့ အက နဲ့ ပတ်သက်ပြီး ဒီနေ့ အနိုင်မရခဲ့တာကြောင့် စိတ်ပြေပျောက်ပါစေ ဆိုပြီး သူငယ်ချင်း ခေါ်လာတဲ့ စားသောက်ဆိုင်မှာ လာစားတာ။ ဒါပေမယ့် သူ့အတွက် ဘယ်လို ကံမကောင်းတဲ့ နေ့ ဖြစ်နေသလဲတော့ မသိ၊ စားသောက်ဆိုင်မှာ စားပွဲဝိုင်းတွေ ပေါတော နေတာတောင် သူ မကြိုက်တဲ့ နံပတ် ၆ ဝိုင်းမှာ လာထိုင်နေရတုန်း ...။

မင်ရိ စူပုပ်နေတဲ့ သူ့သူငယ််ချင်း ကြောင့် သူ့သူငယ်ချင်းရဲ့ မကြည်တဲ့ စိတ်၊ ပိုပြီး တောက်လောင်မလာခင် သူတို့မှာထားတဲ့ ဟင်းပွဲတွေ ထဲက ဘဲသားကင် ကို ဖဲ့ပြီး ပန်းကန်ထဲ အမြန်ထည့်ပေးလိုက်သည်။

' ရိပေါ် ရာ ... အဲ့လောက်လည်း ပုပ်သိုး မနေပါနဲ့တော့ ...။ ငါ ထည့်ပေးတဲ့ ဘဲသား ကို စားကြည့် ...။ နူးနပ် ပြီး ပါးစပ်ထဲ ဝါးရတာ အိ နေရော ...။ အရသာ က ရှယ်ကောင်းတာ။ စားကြည့် ... မင်း ရဲ့ စိတ် ကြည်လာလိမ့်မယ်။'

Lucky no.16 Change to no.6  ( Completed )Where stories live. Discover now