Prologue

975 78 23
                                    


[Uni]

မိုးကောင်းကင်အထက်မှာ ရွှေရောင်တိမ်နဂါးတစ်ကောင်ကို ကျွန်းဆွယ်တစ်ခုလုံးက လူတိုင်းနီးပါးမြင်ခဲ့ကြပြီး ၂၁နှစ်အကြာ၌ဖြစ်၏။

အေးခဲနေသောဆီးနှင်းတွေပေါ်ကို အသာအယာခပ်ဖွဖွဖြတ်ကျော်လျှောက်လာသည့် လူငယ်လေးဟာ ဟန်နိုင်ငံ၏ ပလ္လင်ထက်မှာ အေးစက်တည်ငြိမ်စွာပဲ နေရာယူလိုက်ချိန်၌ အရာအားလုံးဟာ လုံးဝဥဿုံပြောင်းလဲသွားပြီပင်။

ဆီးနှင်းတွေကထူထူထဲထဲကျလာ၏။
ခမ်းနားလှသည့်ဟန်နန်းတော်ထဲ သွေးကွက်တွေဟာ ဖြူဖွေးလှသည့် ဆီးနှင်းတွေပေါ်မှာ အကျည်းတန်စွာပဲ နေရာယူထားခဲ့လေ၏။
ဟန်နိုင်ငံ၏ ခရမ်းရင့်ရောင်နှင့်အနီရောင်ရောပါလေသော ဇာမဏီအလံဟာ ဖြုတ်သိမ်းခြင်းကိုခံလိုက်ရပြီး  အနီရောင်နောက်ခံဖြင့် ရွှေရောင်မိုးနဂါးတစ်ကောင်၏ အလံကို ဂိုလူမျိုးတွေက လွှင့်တင်ခဲ့ကြသည်။

"ဧကရာဇ်ပတ်ဆောင်းဟွန်း သက်တော်ရာကျော်ရှည်ပါစေ"

ဟု တစ်ခဲနက်ဂါရဝပြုဆုတောင်းသံတွေက ညီလာဆောင်ခန်းမရှေ့၏ ဆီးနှင်းတွေလွှမ်းသော ရင်ပြင်ကျယ်၌ အဆက်မပြတ်ထွက်ပေါ်နေခဲ့သည်။

တစ်ချိန်က နီရဲနေသည့် ပါးဖောင်းဖောင်းလေးတွေဖြင့် သူစာသင်ပြပေးသည့်အခါ အူတူ‌တူလေးလိုက်မှတ်နေခဲ့သည့် ကလေးငယ်ဟာ ဧကရာဇ် ဖြစ်သည်တဲ့။

မျက်စိတစ်မှိတ်အချိန်အတွင်းမှာပဲ
နှစ်ပေါင်းရာချီတစ်ကွဲတစ်ပြားဖြစ်နေခဲ့သည့် နယ်မြေတွေကို ပြည်ထောင်တစ်ခုအဖြစ် ပူးပေါင်းလိုက်နိုင်သည့် ရေမြေ့သခင် ဖြစ်သည်တဲ့လေ...။

ယခုသူဟာ ကြမ်းပြင်ပေါ်မှာဒူးထောက်လျှက်သားရှိနေပြီး ဧကရာဇ်ကတော့ နဂါးပလ္လင်ပေါ်ကနေ သူ့ကို လှောင်ပြုံးများဖွဲဖွဲသီသီချိတ်ဆွဲထားပါလေသော အကြည့်တို့ဖြင့်ကြည့်နေခဲ့၏။

အလွန်တရာချောမောခန့်ညားလှသည့် ဧကရာဇ်မင်း၏ဖြူဖျော့ဖျော့လက်ချောင်းသွယ်သွယ်တို့ဟာ သူ၏ မေးစေ့ကို ခပ်ဖွဖွဆွဲမော့စေရင်း ပီတိတွေဝေဖြာနေသော အသံဖြင့် အက်ရှစွာပြောလာ၏။

Winter Ballad  |  Jakehoon Where stories live. Discover now