(Uni)"ဟီဆွန်းဟျောင်း ရောက်နေတာလား"
"ဟုတ်ပါတယ် အရှင့်သား"
နန်းတော်တံတိုင်းပေါ်မှ ပြန်အလာလမ်းတစ်လျှောက်အိမ်ရှေ့စံလေးက ပျော်ရွှင်မှုကြောင့် ခုန်ပေါက်လာခဲ့ပြီး နန်းဆောင်ထဲ၌ ဟီဆွန်းကိုမြင်တော့ ပို၍ပျော်ရွှင်သွားလေသည်။
ဟီဆွန်း၏လက်ထဲ၌ ရွှေဝါရောင်ပိုးချည် စာလိပ်လေးတစ်လိပ်ကရှိနေပြီး သခင်လေးသည် ထိုစာလိပ်လေးကိုဆုပ်ကိုင်ထားရင်း အနည်းငယ် စိတ်လှုပ်ရှားနေပုံ ပေါ်နေသည်။
"မွေးနေ့ကိုဂုဏ်ပြုပါတယ်အရှင့်သား
ဒါက အရှင့်သားတောင်းဆိုထားတဲ့ မွေးနေ့လက်ဆောင်ပါ"အိမ်ရှေ့စံလေးလက်ထဲကို ဟီဆွန်းကစာလိပ်လေးကိုထည့်ပေးလိုက်၏။ဟီဆွန်း၏ အပြုအမူတွေဟာ ဒီနေ့ပုံမှန်နှင့်မတူကာ သူ့အားဂျယ်ယွန်းလေးလို့လဲမခေါ်ပါချေ။အသက်တစ်နှစ်ကြီးသွားပြီမို့ များလား။
ယနေ့ နန်းတော်ထဲမှလူတွေအကုန်ထူးဆန်းကြသည်။
ယခင်နေ့တွေကလဲ သူ့အားတွေလျှင်တလေးတစားဆက်ဆံကြပေမယ့် ယနေ့၌ပို၍ လေးလေးစားစားဖြစ်နေသယောင်။ဤအခြေအနေက ဂျယ်ယွန်းလေးအတွက် နည်းနည်းတော့အနေခက်စေပါ၏။
သို့ပေမယ့် လက်ထဲရောက်လာသည့် ကဗျာစာလိပ်ကလေးက ပိုအရေးကြီးသည်မို့ စာလွှာလေးကို ဖွင့်ဖို့လုပ်လိုက်သည်။သို့ပေမယ့် အိမ်ရှေ့စံလေး အတော်စိတ်လှုပ်ရှားနေခဲ့ပါသည်။
မွေးနေ့လက်ဆောင်အဖြစ် မရရှိဖူးတဲ့တန်ဖိုးကြီးပစ္စည်းဟူ၍မရှိပေမယ့် ကဗျာတစ်ပုဒ်အား မွေးနေ့လက်ဆောင်အဖြစ်ရရှိခြင်းသည် ဤသည်ကားပထမဆုံးအချိန်ပင်။ထို့ကြောင့် သူကိုယ်တိုင်ဖွင့်ဖောက်ဖို့ထက် ဘေးနားက ဆောင်းဟွန်းလက်ထဲသို့သာထည့်ပေးလိုက်သည်။
"အထဲက ကဗျာကို
အသံနေအသံထားနဲ့ ဖတ်ပြကြည့်မလား ဆောင်းဟွန်း"ဆောင်းဟွန်းမှာ လက်ထဲသို့ ဖြတ်ခနဲရောက်ရှိလာပါသော ရွှေရောင်စာလိပ်ကလေးကိုကြည့်ကာ အူတူတူဖြစ်သွားရသည်။
သူမှ စာမဖတ်တတ်တာ..။"ဟို...အရှင့်သား..ကျွန်တော်"
ထိုအချိန်၌ လက်ဖက်ရည်လာချပေးသော အထိန်းတော်ဟွမ်းက ဆောင်းဟွန်းကိုကြည့်လိုက်ကာ
![](https://img.wattpad.com/cover/352897697-288-k547858.jpg)
YOU ARE READING
Winter Ballad | Jakehoon
FanfictionA story of an emperor and his consort Yulan Written in Burmese