Ballad-3

406 58 68
                                    

(Uni)

လက်ရှိအချိန်ကာလ-

နန်းတော်၏ အနောက်မြောက်ဘက် ချောင်ကျသော နေရာ၌  သေးငယ်လှသည့် အနက်ရောင်နန်းဆောင်လေး တစ်ဆောင်ရှိနေ၏။ထိုနန်းဆောင်လေးမှာ ကြီးမားလှသော နန်းတော်ကြီးမှ အခြားနန်းဆောင်များနှင့် ယှဉ်လျှင်ပို၍ သေးငယ်ကျဉ်းမြောင်းကာ   အအေးဓာတ်လဲကဲသည်ပင်။

နှစ်လပိုင်းသို့ရောက်ရှိခဲ့ပြီမို့ အနီရောင်ဆီးပန်းပွင့်တွေဟာ နန်းဆောင်ဝန်းလေးထဲ၌ ဆီးနှင်းတွေကြားထဲမှ သွေးစက်ကလေးတွေနှယ် ရဲရဲတောက်လျှက်။
နန်းဆောင်လေးထဲ ပျံ့နှံ့နေသော ကျောက်စိမ်းသစ်ခွပန်း အမွှေးနံ့သာဟာတော့ သူအကြိုက်ဆုံး အမွှေးရနံ့ဖြစ်၏။

ဂိုနယ်မြေကို  စရောက်လာကတည်းက ဧကရာဇ်က သူ့ကိုဒီသေးငယ်လှတဲ့ နန်းဆောင်လေးထဲမှာ အကျယ်ချုပ်ချထားခဲ့သည်။
နောက်တစ်ရက်မှာတော့ သူ့အတွက် လိုအပ်သည့်အသုံးအဆောင်ပစ္စည်းအချို့ကို နန်းတွင်းသူလေးများမှတစ်ဆင့်ပို့ပေးလာပြီး ဤအမွှေးနံ့သာသည်လဲထိုပစ္စည်းများထဲ၌ ပါဝင်နေခဲ့၏။

ဤရနံ့သည် သူ့အကြိုက်ဆုံးရနံ့ဆိုတာကို ဧကရာဇ်က ၅နှစ်ကြာခဲ့တာတောင် မမေ့ပျောက်သေးဘူး ဖြစ်သည်။

ထိုအချက်က အိမ်ရှေ့စံ၏နွမ်းလျနေသော  စိတ်နှလုံးကိုပိုတင်းကြပ်သွားစေခဲ့သည်။

တစ်ယောက်အကြိုက်တစ်ယောက်သိပါလျှက်နဲ့
တစ်ယောက်အကြောင်းတစ်ယောက်သိပါလျှက်နဲ့
ဒီလိုအချိန်မျိုးရောက်လာခဲ့တာတောင်  ပျော်ရွှင်မှုတွေအစား ဝမ်းနည်းမှုတွေသာရှိတော့သည်အထိ သူတို့ဟာ လမ်းလွဲနေခဲ့ပြီးပြီ။

တစ်ချိန်တုန်းက အချင်းချင်း၏ တောက်ပရွှန်းစိုသော မျက်ဝန်းများထဲမှ အပြာနုရောင်ချစ်ခြင်းတရားများကို  အပြန်အလှန် တိတ်တခိုးသိခဲ့ကြသလိုမဟုတ်တော့ပါချေ။

မကြာခင်   လက်ထပ်ထိမ်းမြားရတော့မည်သူနှစ်ဦးဖြစ်သော်ညား   တစ်ဦးကိုတစ်ဦး  မုန်းတီးခါးသီးနေသည့် အိမ်ထောင်ရေးမှာ   ဘယ်လိုလုပ်ပျော်ရွှင်မှုအားပိုင်ဆိုင်ရမည်တဲ့လဲ။

Winter Ballad  |  Jakehoon Where stories live. Discover now