2

383 47 3
                                    

Unicode

ထိုအမျိုးသားပြောခဲ့သည့် လက်ထောက်ဆိုသည်မှာ အသက် ၄၀ အရွယ် ရှိပြီဖြစ်သော အမျိုးသားတစ်ယောက်ဖြစ်သည်။ ကျောက်ရုပ်လို တည်ငြိမ်သောမျက်နှာထားနှင့် ထိုဦးလေးကြီးက ချန်းယောလ်ရှေ့ရောက်သည်နှင့် လောကွတ်စကားတွေဆိုမနေတော့ဘဲ အေးတိအေးစက် ရှင်းပြလာသည်။

"မင်းအခုရောက်နေတာ အရိပ်တပ်ဖွဲ့ပဲ။ အရိပ်တပ်ဖွဲ့ဆိုတာ သမ္မတအနောက်မှာ ရှိတဲ့ ကျောထောက်နောက်ခံ အဖွဲ့အစည်းပဲ။ ထောက်လှမ်းရေးတပ်ဖွဲ့လို့လည်း တစ်နည်းပြောလို့ရတယ်။ စစ်တပ်ထဲမှာ နေရာရပြီး ထူးချွန်တဲ့ တပ်သားတိုင်းက အရိပ်တပ်ဖွဲ့ကို ဝင်ဖို့ကြိုးစားခွင့်ရှိတယ်။ နှစ်တိုင်းလိုလို အရည်အချင်းစစ်ပွဲတွေနဲ့ တပ်သားတွေခေါ်ယူလေ့ရှိပေမယ့် အရိပ်တပ်ဖွဲ့ကို ဝင်နိုင်တဲ့သူကတော့ တစ်နှစ်မှာ အများဆုံးပဲ ၃ယောက်ပဲ ရှိသေးတယ်"

ချန်းယောလ် ဘာပြောရမှန်းမသိ။ အံ့ဩသည့်အနေဖြင့် နားထောင်ပြီး ခေါင်းသာညိတ်ပြတော့ ဆက်ပြောသည်။

"ဒီလောက်ဝင်ဖို့ ခက်တဲ့အဖွဲ့အစည်းကို မင်းက အကြံပေးဗြောင်ရဲ့ မျက်နှာသာပေးမှုနဲ့ဝင်လာနိုင်တာ။ ဒါပေမယ့် မျက်နှာသာရတယ်ဆိုရင်တောင် အဖွဲ့အစည်းအတွင်းက ဘယ်သူကမှ မင်းကိုအထင်ကြီးမှာမဟုတ်ဘူး မင်းဘယ်လိုလုပ်မလဲ"

ချန်းယောလ် မျက်ခုံးများသည် တွန့်ကြုံ့သွားရသည်။

"ကျွန်တော် တခြားသူတွေထက် လုပ်နိုင်စွမ်းကို ၁၀ဆမြှင့်ရုံပေါ့"

ထိုလူသည် ကျေနပ်သလို အင်းကနဲ လေသံပြုကာ ဆက်ပြောသည်။

"တပ်သားတွေက မင်းအကြံပေးရဲ့မျက်နှာနဲ့ ဝင်လာတာကို မသိဘူးဆိုပေမယ့် အကြီးအကဲတိုင်းကတော့ သိတယ်။ အဲ့ဒီတော့ မင်းရဲ့လုပ်ရပ်၊ မင်းရဲ့အရည်အချင်းမှန်သမျှက အကြံပေးရဲ့ခေါင်းပေါ် တိုက်ရိုက်ကျရောက်လာနိုင်တယ်၊ မင်းသူ့ကို စိတ်မပျက်စေဖို့တော့ ကျုပ်မျှော်လင့်ပါတယ်"

ချန်းယောလ်သည် ထိုဦးလေးကြီး၏လေသံကို မနှစ်သက်သော်ငြား ပြောသွားသမျှတွင်လည်း လက်မခံနိုင်စရာ မပါသည်မို့ ခေါင်းသာညိတ်ပြလိုက်သည်။ ထို့အတူ မေးစရာရှိသည်ကိုမေးလိုက်သည်။

GAGAWhere stories live. Discover now