3

325 50 7
                                    

Unicode

"သူတကယ် အဲ့လိုပြောတာလား"

ပြန်အစီရင်ခံလာသမျှကို နားထောင်ပြီးသည်နှင့် ဘခ်ဟျွန်းနှုတ်ခမ်းပါးများသည် ပင့်တက်သွားသည်။

"ပျော်နေတာလား အကြံပေးအရာရှိ"

ဆိုဖာတွင်ထိုင်နေသော ကင်ဂျုံအင်က ခပ်ထေ့ထေ့ဝင်မေးလာသည်။ ဘခ်ဟျွန်း အပြုံးတို့သည် မပျောက်ပျက်သွားဘဲ အေးဆေးတုံ့ပြန်လိုက်သည်။

"ငါကမပျော်ရဘူးလား"

ဘခ်ဟျွန်းစကားအဆုံး အကြည့်ဖြင့် အစီရင်ခံစာ လာတင်ပြသော တပ်သားငယ်လေးအာ ထွက်သွားခိုင်းလိုက်သည်။ ကင်ဂျုံအင်သည် သူ့စကားအားကြားသည်နှင့် မျက်ဆံသာလှန်သွားပြီး ဆက်တိုက်ပြောလာတော့သည်။

"အဲ့ကောင်လေးက သတ္တိကောင်းတာတော့ ငါဝန်ခံပါရဲ့။ ဒါပေမယ့် သူရှေ့ဆက် ဘယ်လိုစခန်းသွားမလဲ ? ဂန်ထယ်ဝန်းက ဖြောင့်မတ်တဲ့ကောင်ဆိုပေမယ့် သူမျက်စိဆံပင်မွှေးစူးရင်လည်း အသေအလဲနှိပ်စက်တော့မှာ။ ဖရိုမုန်းအဆင့်က ထားပါတော့၊ မင်းဟာလေးကဖြင့် သာမန်တပ်ထဲက လေ့ကျင့်မှုလေးတွေတောင် အတွေ့အကြုံမရှိသေးဘူး။ ဂန်ထယ်ဝန်းရဲ့လက်ထဲမှာ သူကြံ့ကြံ့ခံနိုင်မယ်များ ထင်နေတာလား။ ဘခ်ဟျွန်း မင်းတကယ် ကိုယ့်လက်နဲ့ကိုယ် မျက်နှာအိုးမည်းသုတ်မိနေမယ်နော်"

ဂန်ထယ်ဝန်းသည် တပ်ကြပ်၏အမည်ဖြစ်သည်။ ကင်ဂျုံအင်၏ သတိပေးစကားများသည် ကျိုးကြောင်းသင့်သည်။ သို့တိုင် ဘခ်ဟျွန်းသည် သေချာနားထောင်ပြဟန်မှတစ်ပါး တုန်လှုပ်သွားခြင်းမရှိ။

"သူ ငါ့မျက်နှာ အိုးမည်းမသုတ်မိစေရဘူးဆိုတာတော့ ငါအာမခံတယ်"

ကင်ဂျုံအင်၏ မျက်နှာသည် မည်းမှောင်သွားသည်။

"အဲ့ကောင်လေးကို မင်းယုံတယ်လို့တော့ မပြောနဲ့ ?"

ဘခ်ဟျွန်းသည် မအောင့်နိုင်ဘဲ ခပ်ဖွဖွရယ်မောမိသွားသည်။ အမြဲလိုလို မျက်နှာတည်နှင့် နေတတ်သည်သာမက ပြုံးလျှင်တောင် မျက်လုံးထိမရောက်သော အပြုံးများနှင့်သာ ပြည့်နှက်နေသူက ရုတ်တရက် ရယ်လိုက်သည့်အခိုက်အတန့်သည် ခါတိုင်းအရှိန်အဝါများနှင့် အလွန်ကွာခြားသွားစေသည်။ မာနကြီးသောကြောင်လေးက ပက်လက်လှန်ကာ ဗိုက်သားလေးကိုလှစ်ပြလိုက်သလို၊ ဆူးတွေထောင်နေသည့် ဖြူကောင်လေးက စိတ်ငြိမ်ကာ ဆူးများ ရုတ်သွားသလို။ ဘခ်ဟျွန်းသည်မူ မျက်လွှာချလျက် မျက်ဝန်းအတွင်းရှိ ခံစားချက်အချို့ကို ဖုံးကာရင်း ရေရွတ်သလိုပြောလာသည်။

GAGAOù les histoires vivent. Découvrez maintenant