Ep-6

435 26 2
                                    

ဒီရာ ‌ရုံးသွားဖို့ ပြင်ဆင်လိုက်တယ်
သားလေးကို ထိန်းပေးမဲ့လူမရှိတာကြောင့် တခါတည်း
ရုံးကိုသာခေါ်သွားရတယ်။

သားလေးကလိမ်မာတာကြောင့်ရုံးမှာနေဖို့ကပြသာနာသိပ်မရှိ။

သားလေးလက်ကိုဆွဲရင်း ကိုညီ ဝယ်ပေးထားတဲ့ကားပေါ်
တက်ရင်း ရုံးကိုထွက်လာလိုက်တယ်။

သူတို့လည်းရုံးရှေ့အရောက် မောင့်ရဲ့ကားလည်း
ရပ်တာကို တွေ့လိုက်ရတယ် ။

သူလည်း ကားကို ပါကင်ထိုးပြီး သားကို
လက်ဆွဲကာရုံးထဲဝင်လာလိုက်တယ်။

ရှေ့ဆင့်နောက်ဆင့်မို့ မောင်က သူတို့ကိုတွေ့သွားပြန်ရော.....။

ဘာခံစားချက်မှမရှိတော့တာကြောင့် ရှောင်စရာမလို။

သူမောင်ကို ပြုံးပြပြီးသာ သားကို လက်ဆွဲရင်း
သူ့ရုံးခန်းစီတက်လာလိုက်တယ်။

မောင် လည်း အသည်းအသန်လိုက်လာပင်မဲ့ ဓာတ်လှေကား
ခလုတ်ကို အမြန်ပိတ်ကာ မောင့်ကို ထားခဲ့လိုက်တယ်။

"ဒီရာက မောင့်ကို စိတ်ဆိုးနေတုန်းပဲထင်တယ်"

ဆိုတဲ့ စကားကို မင်းမိုးသန့်ရေရွတ်မိတယ်။

သူ့ကိုယ်သူလိမ်ညာကာ ဒီရာကချစ်သေးသည်ဟု
စိတ်ထဲမှတ်ထားသော်လည်း သူစိမ်းဆန်တဲ့ အပြုံးတွေကြောင့်
မျှော်လင့်ချက်တွေက အပြိုပြိုအလဲလဲ.....။

ဒီရာ ရုံးခန်း ထဲ ရောက်တော့ သားလေးကို
သိပ်ထားလိုက်တယ်။
သူကတော့ စာရင်းတွေ စစ်ရအုန်းမယ်လေ။
သူ စာရင်းလုပ်နေတုန်း မင်းမိုးသန့် ရုံးခန်း
ဝင်လာတာကို သတိထားမိလိုက်တယ်။

" ဒီရာ ကို သားလေးနဲ့ ဒီရာအတွက်
မုန့်လေးလာပို့တာ ဒီရာကြိုက်တဲ့ Ice Coffee
ချိုချိုလေးလည်း ပါတယ် "

မင်းမိုးသန့်ကတော့ မျှော်လင့်ချက်တွေနဲ့ပြောနေပင်မဲ့ ဒီရာကတော့ ပြုံးရုံသာ ပြုံးပြပြီး.......။

"ကျေးဇူးပါ မောင် ဒီရာ က Ice Coffee ဆို
အခါးပဲကြိုက်တော့တယ်
အရင် က အချိုကြိုက်ပင်မဲ့အခုတော့
ပြောင်းလဲကုန်ပါပြီမောင်ရယ်"

You've reached the end of published parts.

⏰ Last updated: Dec 30, 2023 ⏰

Add this story to your Library to get notified about new parts!

You Broke Me Firts! Where stories live. Discover now