Ep -5

3.2K 190 49
                                    

မင်းမိုးသန့် အိမ်ရောက်တော့ ဧည့်ခန်းမှာ
ကလေးနဲ့ ထိုင်ဆော့နေတဲ့ သစ္စာ...... ။

”ကိုကိုပြန်လာပြီလား ”

”အင်း ငါမင်းနဲ့ ပြောစရာရှိတယ် သစ္စာ ”

စိတ်လိုလက်ရပြန်ပြောနေတဲ့ ကိုကိုကြောင့်
သစ္စာ တစ်ယောက် ပျော်မြူးနေတော့တယ်။

”ပြောလေ ကိုကို ”

”ကွာရှင်းပေးတော့ ဒီရာ ပြန်ရောက်လာပြီ ”

မင်းမိုးသန့်ပြောတဲ့ စကားကြောင့်
သစ္စာ မျက်စိမျက်နှာ ပျက်သွားပြန်တယ်။

”သစ္စာ မကွာရှင်းပေးနိုင်ဘူး ”

သစ္စာ ပြောတဲ့ စကားကြောင့် မင်းမိုးသန့်
ဒေါသထောင်းခနဲထွက်သွားကာ......။

”မင်း ကလေးလည်း မွေးပြီးပြီပဲ ငါနဲ့ ကွာရှင်း
ပေးတော့ ”

”ဟင့်အင်း မကွာရှင်းပါရစေနဲ့ ကိုကို ရယ်
ကိုကို ပဲ သစ္စာ ကိုချစ်တယ်ဆို
ဒီရာ နဲ့ သစ္စာ ဘယ်သူ့ကို ပိုချစ်လဲ ရွေးခိုင်းတုန်းက
ကိုကို ပဲ သစ္စာ ကို ရွေးခဲ့တယ်မလား ”

”အေဟုတ်တယ် အချစ်ဆိုတာ ကို သေချာ
သဲသဲ ကွဲကွဲ မသိတာကြောင့် ငါသုံးနှစ်လုံးလုံး
နောင်တတွေ တပွေ့တပိုက်ကြီးပဲ ငါအဲ့တုန်းက
မွှန်နေခဲ့တာ ငါနောက်ပိုင်း သိလိုက်ရတာ
ဒီရာကို ချစ်တယ် ဆိုတာပဲ ”

သစ္စာ ဘာစကားမှ မပြောနိုင်တော့ဘူး။
သူ့ကို ချစ်လိမ့်မယ်လို့ ထင်ခဲ့တာ အခုတော့ လုံးဝ
ကို မချစ်ခဲ့ဘူးတဲ့။

”သစ္စာ ကွာရှင်းဖို့ ပြင်ထားလိုက် ”

ပြောပြီး အပေါ်တက် လာတဲ့ မင်းမိုးသန့် ......။

အိမ်ခန်းထဲမှာ ရှိတဲ့ ဒီရာနဲ့ သူ့ပုံ ကြည့်
လိုက်တော့မှ စိတ်တွေ ဖြေနိုင်သွားတယ်။

ဒီရာအသံလေးကြားချင်တာကြောင့်
ရုံးကိုပေးထားတဲ့ ဖုန်းနံပါတ်ကို ခေါ်လိုက်တော့
မအားဘူး။

မင်းမိုးသန့် ဆက်တိုက်ခေါ်နေခဲ့တာ အခါ ငါးဆယ်။
အချိန်က နှစ်နာရီလောက် ကြာနေပြီ။

အိပ်ချင်ပင်မဲ့ မအိပ်ပဲအတင်းမျက်လုံးဖွင့်ကာ
ဖုန်းကို အသာကုန်နှိပ်နေပင်မဲ့
ဖုန်းက မအားသေးဘူး။

You Broke Me Firts! Where stories live. Discover now