Ep -4

2.3K 167 12
                                    

”မြန်မာနိုင်ငံ က ရုံးကို သွားဖို့ ဒီရာကို
သူဠေးကတောင်းဆိုနေတယ် အဲ့တာ ဒီရာ
သွားလို့ ဖြစ်ပါ့မလား ”

အကိုညီမြတ်ပြောတဲ့ စကားကို နားထောင်
ပြီးတာနဲ့ သိလိုက်ရတာက မြန်မာနိုင်ငံကို
ထပ်ပြီး ခြေချရတော့မယ် ဆိုတာပဲ.....။

”ရပါတယ် ကိုညီရယ် ဒီရာ အတွက် ဘာမှမဖြစ်
တော့ဘူး ”

”အင်းပါ အဲ့တာဆို အကိုလည်း နောက်ကျရင်
လိုက်ခဲ့မယ် ”

”ဟုတ်ကဲ့ ပါ ဒီရက်ပိုင်းအတွင်းအလုပ်များနေတဲ့
အကို့အတွက် အမဲရိုးစွပ်ပြုတ် လေးလုပ်ထားတယ် ”

”ကျေးဇူးပါ ကွာ ”

ဒီရာ ညီမြတ်အပေါ် ဂရုစိုက်ပေးသလို
ညီမြတ်ကလည်း ဒီရာအပေါ် ဂရုစိုက်ပေးတယ်။

ဒုက္ခ ရောက်နေတဲ့အချိန်မှာ အတူတူရှိပေးခဲ့တဲ့
သူတွေ မလား ။

”ဒီရာ မင်းရာ လေးရော ”

”အိပ်နေပြီ ကိုညီ ရဲ့ ”

”မြန်မာနိုင်ငံ ပြန်ရင် ကို တော့ ဒီကလေးနှစ်ကောင်
ကိုလွမ်းရတော့မယ် ”

ညီမြတ်ပြောတဲ့ စကားကို ဒီရာ အပြုံးနဲ့ သာ
တုန့်ပြန်လိုက်တယ်။

ဒီရာတစ်ယောက် မင်းရာလေးကို
လက်ဆွဲကာ လေဆိပ်ဆင်းလာတော့တယ်။

မြန်မာနိုင်ငံ ကို ပြန်ရအုန်းမှာပါလား ။

မောင်နဲ့ တွေ့ ရင် သူအလှဆုံးသာ
ပြုံးပြမှာ......။

လေယာဥ်ပေါ်တက်ကာ
မြန်မာနိုင်ငံကို ပြန်လာဖို့ လိုက်ပါလာတော့တယ်။

မင်းမိုးသန့် ရုံးမှာ အလုပ်ရှုပ်နေတုန်း
ဒီနေ့ နိုင်ငံခြား ရုံးတစ်ခု က ဝန်းထမ်း
တစ်ယောက်လွှတ်လိုက်မယ်ဆိုတဲ့
သတင်းကို ​ပါကြားလိုက်ရတယ်။

မင်းမိုးသန့် အတွင်းရေးမှူး စီးဖုန်းဆက်ကာ.....။

”ဒီနေ့ ပြောင်းလာမဲ့ ဝန်ထမ်းရဲ့ အချက်အလက်
လေးတစ်ချက်လာပို့ပေးပါလား ”

အတွင်းရေးမှူး က ဖိုင်တခု ကိုင်ကာ
ဝင်လာလေတယ်။

”သူဠေး ဒီမှာပါ ”

You Broke Me Firts! Where stories live. Discover now