Ep -3

2.3K 166 13
                                    

အမေရိကားကိုသွားမဲ့ လေယာဥ်ကြီး ကို
တွေ့တောင် တွေ့နေရပြီ..... ။

”မောင့် ကို နှုတ်ဆက်ခဲ့တယ်နော်
ဒီကနေ ထွက်သွားတာနဲ့ တပြိုင်တည်း
မောင့်ကို ချစ်တဲ့ ဒီရာ ဆိုတာလည်း သေသွားပြီ
မို့လို့ ပြန်တွေ့ခဲ့ရင် တောင် သူစိမ်းဆန်ပေးပါ ”

ဒီရာ တစ်ယောက် နှုတ်ဆက်ကာ Luggage ကို
ဆွဲ ပြီး အထဲ ကို ဝင်လာလိုက်တယ်။

တစ်စုံတစ်ယောက် က လေယာဥ်ပေါ်ရောက်နေ
တဲ့အချိန် တစုံတစ်​ယောက်က တော့ အိပ်ခန်းထဲက
နေ မထွက်နိုင်ပဲ နောင်တ တွေ တပွေ့တပိုက်....။

မင်းမိုးသန့် တစ်ယောက် ငိုရလွန်းလို့ မျက်လုံး
တွေတောင် ဖောင်းအစ်နေပြီ။

ဖုန်းလာတဲ့အသံကြား တာကြောင့် အသည်းအသန်
ဖုန်းကို ယူကာ ကိုင်လိုက်တယ်
ဒီရာ ဖြစ်နေပါစေ ဆိုတဲ့ မျှော်လင့်ချက်နဲ့ပေါ့။

”ဟယ်လို ကိုကို ”

သူမ.........
ကျွန်တော် ကို သစ္စာ မဲ့ တဲ့
သူတစ်ယောက်ဖြစ်အောင်လုပ်တဲ့ သူမ က
အခုထိ ကိုကိုလို့ခေါ်နေတုန်းပဲ.....။

”ကိုကို သစ္စာ ခေါ်နေတာ ကြာလား ”

”မင်း နဲ့ ငါဇာတ်လမ်းပြီး ပြီကို ဘာလို့ ဖုန်းဆက်
နေတာလဲ ”

”ကိုကို ပြီးသွားပင်မဲ့ သစ္စာ မပြီးသေးဘူးလေ”

”မင်းနဲ့ငါဘာကျန်သေးလို့လဲ ”

”ကိုကို  နဲ့ ဒီရာ ကွာရှင်းလိုက်ပြီပဲ သစ္စာ ကို
လက်ထပ်တော့လေ ”

တကယ့်ကို အရှက်မရှိတဲ့သူမ.....။
ဒါပင်မဲ့ ကျွန်တော် ပတ်သတ်ခဲ့မိတယ်လေ။

”ဘာလို့ လက်ထပ်ရမှာလဲ ငါဒီရာ ကို
လိုက်ရှာတောင်းပန်ပြီး ပြန်လက်ထပ်မှာ ”

”ကိုကို သစ္စာ ကို လက်မထပ်ဘူးဆိုတာ
ကြိမ်သေလား ”

”ကြိမ်းသေတယ် ”

”ကိုကို က သစ္စာ အနိုင်ကျင့်ပါတယ်လို့
ရဲစခန်းကို တိုင်လိုက်ရမလား ဒါမှမဟုတ်
သစ္စာ တို့ VD ကို လိုင်းပေါ်တင်လိုက်ရမလား ”

သူ အဲ့လိုတွေလုပ်ရင် အကုန်လုံးရှုပ်ထွေးကုန်မှာ
ပြီးတော့ Company ကိုလည်း ထိခိုက်မှာ ။

You Broke Me Firts! Where stories live. Discover now