EP -2

2.5K 186 19
                                    

"ဒီရာ ရေ မောင့်ကို ရေလေးတိုက်ပါအုန်း ”

မင်းမိုးသန့် အော်ခေါ်ပင်မဲ့ တုံ့ပြန်သံမကြားဘူး။

”အာ ဒီရာနဲ့ ငါကွာရှင်းလိုက်ပြီပဲ ”

ကွာရှင်းလိုက်တယ်လို့ တွေးလိုက်တိုင်း
ဘာလို့ရင်ဘတ်ထဲက နာလာရတာလဲ ။

သစ္စာ ကိုချစ်တယ်ဆိုပြီး ဘာလို့ နာကျင်မှုကို
ခံစားနေရတာလဲ ။

အိပ်ရာက နေ ထပြီး ရေချိုးခန်းထဲဝင်လိုက်တော့
ခါတိုင်းဆိုရင် ဒီရာ လုပ်ပေးထားတတ်တဲ့
သွားတိုက်တံလေးမတွေ့ရတော့ဘူး......။

မိတ်ဆွေတစ်ယောက်ကို ခွဲခွာ ရလို့
သတိရမိတယ်လို့သာ ဖြည့်တွေးလိုက်တယ် ။

မျက်နှာသစ်ပြီး အဝတ်အစားလဲ ဖို့
ဘီရို ကို ဖွင့်လိုက်တော့ ဒီရာ ရဲ့
အဝတ်အစားတွေ မတွေ့တော့ဘူး။

ဘာလို့အဲ့လောက် မြန်မြန်ကြီး.........။

အဝတ်အစားလဲ ပြီးလို့
မနက်စာ စားဖို့ အပြင်ကို ထွက်လာလိုက်တယ်
ခါတိုင်း ဒီရာ ပြင်ပေးနေကြဆိုပင်မဲ့
အခုဒီရာ မရှိတော့ အပြင်မှာ ထွက်စား
ရတာ့မယ်။

”I'm sorry. Don't leave me ”

ဖုန်း Ringtone သံ​ကြောင့် ဖုန်းကိုကြည့်
လိုက်တော့ နံပါတ်အစိမ်း.....။

”ဟယ်လို ”

”ဟယ်လို မင်းမိုးသန့်လားမသိဘူး ”

”ဟုတ်ပါတယ် ဘယ်သူလဲ မသိဘူး ”

”ကျွန်တော် ဘယ်သူလဲဆိုတာထက် ကျွန်တော်
ပြောတာလေး နားထောင်ပေးပါ ”

”အဲ့တာဆိုလည်းပြောပါ ”

”သစ္စာ ရဲ့ ကိုယ်ဝန်က အကို မင်းမိုးသန့်နဲ့ ရတာ
မဟုတ်ဘူး ”

”ဟမ်....မင်းဘာပြောတာ ”

”ဟုတ်ပါတယ် သစ္စာ က တခြားသူနဲ့
ကိုယ်ဝန်ရတာ ကို အကို မင်းမိုးသန့်နဲ့
ရတဲ့ ပုံစံမျိုးလုပ်ထားတာ မယုံရင် ကျွန်တော် အသံ
ဖိုင်ပို့ပေးပါ့မယ်သူနဲ့ကျွန်တာ်ပြောထားတဲ့အသံဖိုင်ပါ
အကိုမင်းမိုးသန့်က အိမ်ထောင်ရှိတဲ့ သူမို့လို့
အမှားအယွင်းဖြစ်မှာ စိုးရိမ်လို့ပါ ”

You Broke Me Firts! Where stories live. Discover now