Four

197 26 13
                                    

အားကစားရုံရှေ့ရောက်တော့ မုန့်စားလက်မှတ်ပေးလိုက်ကာ cooking club က လက်စွမ်းပြထားသည့် သီးစုံကွတ်ကီးတွေနှင့် သစ်သီးဖျော်ရည်တစ်ဗူးရသည်။

သူ့အကြိုက် ချောကလက်မပါသဖြင့် အားဟန် စားချင်စိတ်မရှိ။ ဒီအတိုင်း လွယ်အိတ်ထဲကိုပဲ ထည့်ထားလိုက်သည်။

“ငါ့မုန့်ထည့်ဦးမယ်”

လင်းစရဲ့အသံကြောင့် အားဟန်မျက်မှောင်ကုတ်လိုက်မိသည်။

အစောကပဲ လွယ်အိတ်လွယ်လာတာ ကလေးကလားဘာညာပြောနေပြီး အခုကျ သူပဲထိပ်ဆုံးက လာအသုံးချနေပြီ။

“ကလေးကလားဆို၊ ဘာလို့ငါ့အိတ်ထဲလာထည့်တာလဲ”

“သားလေးကလည်း စိတ်မဆိုးပါနဲ့၊ ရော့‌ရော့  ချောကလက်စား”

ဘောင်းဘီအိတ်ကပ်ထဲမှ ချောကလက်သကြားလုံးထုတ်ပေးပြန်တာဟာ သူ့အား ခပ်လွယ်လွယ်လူစားတစ်‌ယောက်လို့ သတ်မှတ်လိုက်တာမဟုတ်ဘူးလား။

“ရမလားကွ!!”

ဖင်ဆောင့်ကန်တော့ တဟီးဟီးရယ်ပြီး ရှောင်ပြေးသည်။

ခြေတံရှည်လင်းစကို ပြေးလိုက်ရင်လည်း မမှီပြန်တာမို့ စိတ်လျော့လိုက်တဲ့အခါမှ အနားပြန်ရောက်လာပြီး သကြားလုံးလေး လက်ထဲလာထည့်ကာ လက်နှစ်ချောင်းထောင်ပြသည်။

“peace”

မကြည်သလိုတချက်ကြည့်ပေးပြီး လင်းစကို မစ‌တော့ရန် သတိပေးလိုက်သည်။

ဖောက်ယူပြီးလျှာပေါ်တက်လိုက်တဲ့ ချောကလက်သကြားလုံးလေးကတော့ ချက်ချင်းဆိုသလို သူ့စိတ်ကို ကြည်လင်စေခဲ့ပါ၏။

“မင်းလိုချင်ရင် ငါ့မှာ ချောကလက်ပါသေးတယ်”

ပြောရင်းက လွယ်အိတ်ဖြဲပြသည့်ဘုဏ်း။ လွယ်အိတ်အတွင်း နာမည်စုံချောကလက်ပြား၊ ချောကလက်မုန့်မျိုးစုံအပြင် ချောကလက်သကြားလုံးရွယ်စုံတို့ ရှိနေ၏။

“မင်းလည်း ချောကလက်ကြိုက်တာလား”

“ဟင့်အင်း”

“ဒါဆို ဘာလို့ဝယ်ထားတာလဲ”

ခဏတာငြိမ်သက်သွားပြီးမှ ဘုဏ်းက ပြန်ဖြေလာ၏။

Min Nae Mha (Complete)Where stories live. Discover now