Twenty nine

148 16 9
                                    

“အားဟန်”

ဗွမ်း

ညို့သကြီးကိုပိတ်ကန်တာကြောင့် ရေထဲဗွမ်းခနဲလဲတော့ ရယ်သံလေးတွေပျံ့လွင့်ကုန်သည်။ ယုန်ပေါက်လေးက အတော့်ကိုပျော်နေဟန်ရ။

အနားကိုရောက်လာတဲ့အခိုက်မှာ လက်ကိုဆွဲချလေတော့ ရုတ်တရက် ရေထဲကျတာမို့ လန့်သွားဟန်ရပေမဲ့ ချက်ချင်းကိုပြုံးလာပြီး သူ့အား ပင်လယ်ရေတွေနဲ့ပက်သည်။

နေခြည်ဟပ်လို့တလက်လက်‌ဖြစ်နေတဲ့ ပင်လယ်ကြီးကလည်း သိပ်ကိုလှသည်။

သို့ပေမဲ့လည်း ထိုအလှတရားတွေက ယုန်ပေါက်လေးရဲ့အပြုံးတွေနဲ့ယှဉ်ရင် ပမွှားပါပဲ။

ပထမဆုံးထွက်ဖူးတဲ့ ဤခရီးက ချစ်ရတဲ့ယုန်ပေါက်လေးနဲ့အတူဆိုတော့ သူ့အတွက် အပျော်ဆုံးပဲ။

တဖက်ခြမ်းက တစ်ယောက်သောသူကတော့ ပင်လယ်ကြီးကို လွမ်းလွမ်းဆွေးဆွေးငေးကြည့်နေခဲ့ပါ၏။

“သနားပါတယ်၊ အစ်ကိုခွန်ကမပါတော့ တစ်ယောက်တည်း အထီးကျန်နေမှာပဲ”

ဓာတ်ပုံရိုက်ဖို့ထွက်လာတဲ့ ‌ပန်ပန်တို့နှစ်ယောက် လင်းသစ်ကိုမြင်တော့ သက်ပြင်းတချချနဲ့ရယ်။

ထိုစဉ် လင်းသစ်အနားကို Bikini အနီနဲ့ကောင်မလေးတစ်ယောက်ရောက်လာခဲ့၏။

“ဟဲ့ ဟဲ့ အဲ့ကောင်မကဘာတုန်း”

တစ်ခုခုပြောပြီး ဖုန်းထုတ်ပေးတာမို့ ဓာတ်ပုံရိုက်ခိုင်းမှန်းနား‌လည်လိုက်ပေမဲ့ ဖုန်းထုတ်လိုက်တဲ့ပန်ပန်က အကြံဆိုးကြီးနဲ့။

“ဒါကို အစ်ကိုခွန်ဆီသတင်းပို့ရမယ်၊ သူမပါတော့ လင်းသစ် ဖြစ်ချင်ရာဖြစ်နေပြီဆိုပြီး” 

“နီးနီးသွား၊ နီးနီးသွား”

မေသူလင်းကိုလည်း တားမယ်မထင်ထားနဲ့။ သူကထိပ်ဆုံးကနေ ဘယ်အနေအထားကဆိုပိုကောင်းကြောင်းတွေပါ ပညာပြနေခဲ့တာ။

လင်းသစ်ဓာတ်ပုံရိုက်ပေးပြီးတော့ ကောင်မလေးက လင်းသစ်နားအတင်းကပ်ကာ ဓာတ်ပုံအားကြည့်သည်။
ပြီးတော့ လေလည်းမတိုက်ပါပဲ သူမရဲ့ဆံပင်တွေကို ခဏခဏသနေခဲ့သည်။ ယောကျာ်းသားရှေ့မလုပ်သင့်တဲ့အထဲ ဆံပင်သ‌တာလည်းပါတာကြောင့် လှမ်းမြင်တဲ့ပန်ပန်တို့ရဲ့မျက်နှာဟာ ခပ်မဲ့မဲ့။

Min Nae Mha (Complete)Tempat cerita menjadi hidup. Temukan sekarang