Eleven

114 17 9
                                    

“လင်းသစ် လင်းသစ်”

ဘောင်းဘီအိတ်ထဲလက်လျိုရင်း ဖြည်းဖြည်းလျှောက်နေတဲ့သူ့ရဲ့ခြေလှမ်းတွေကို နောက်မှပြေးလိုက်လာသည့်ကောင်မလေးအုပ်စုမှီ‌နိုင်အောင် လင်းသစ် ရပ်တန့်ပေးလိုက်သည်။ မျက်နှာချင်းဆိုင်လိုက်တဲ့အခါ ဘေးရှိအားဟန်ကလည်း သူ့ဘေးကပ်ရပ်ရင်းက ခပ်ပြုံးပြုံးနှင့်သာ။ 

“နင်တို့တွေ ဒီအပတ်တနင်္ဂ‌နွေကျရင် Music club မှာ rehearsal လုပ်မလို့ဆို”

အနည်းငယ်အမောဖြေကာ ဆံမြိတ်ချထားသည့် ကောင်မလေးက မျက်လုံးဝိုင်းတို့ဖြင့်ကြည့်ကာ မေးလာ၏။

“အင်း”

အသင်းရဲ့ပေ့ခ်ျပေါ်တွင် လင်းသုတ တင်ထားပြီးဖြစ်ပေမဲ့ ဟုတ်မှန်ကြောင်းခေါင်းညိတ်ပေးလိုက်တော့ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ရင်းက ထိိုမိန်းကလေးသုံးယောက်၏ မျက်နှာလေးသုံးချပ်ဟာ သိသိသာသာပြုံးရယ်သွားကြသည်။

“ဒါဆို ငါတို့လည်းလာအားပေးမယ်နော်”

“အင်း၊ ကျေးဇူး”

ပြုံးပြလိုက်တဲ့အခါ မိန်းကလေးတွေရဲ့မျက်နှာထက် ကြည်နူးမှုတို့က အဆတိုးလျှက် ပြည့်နှက်သွားခဲ့တော့သည်။

လင်းသစ်တွေးလိုက်မိသည်က အားဟန်ပြောတာမှန်သားဟူ၍။ သူသာ မကြာမကြာပြုံးပေးရင် ကြွေဆင်းလာကျမဲ့ ကောင်မလေးတွေအများကြီးပဲလို့ ပြောခဲ့တာလေ။

“ဒါဆို ငါတို့သွားပြီနော်၊ အားဟန်ရော”

လက်ပြတာကိုတော့ လင်းသစ် ခေါင်းညိတ်တုံ့ပြန်လိုက်ပေမဲ့ အားဟန်ကတော့ လက်ပြနှုတ်ဆက်ကာ သူပြောတာမမှန်ဘူးလားဆိုတဲ့သဘောဖြင့် သူ့အား မျက်ခုံးပင့်ပြသည်။ ‌

“‌အေးပါ၊ မင်းပဲတော်ပါတယ်”

သူ့စကားကို အားဟန်ကရယ်ပြီး သူတို့နှစ်ဦး နေရာကလှည့်ထွက်လိုက်တဲ့အခါ စကားတစ်ခွန်းက နားထဲ ကန့်လန့်တိုးဝင်လာသည်။

“အခွက်နဲ့လုပ်စားတဲ့မျောက်တွေ”

ဒေါသက ဖြန်းခနဲထွက်သွားပြီး ခြေလှမ်းတွေကိုရပ်မိတော့ အားဟန်က နားလည်စွာ သူ့လက်မောင်းအား အသာဆွဲသည်။

Min Nae Mha (Complete)Où les histoires vivent. Découvrez maintenant