Nine

127 20 11
                                    

လွန်ခဲ့တဲ့သုံးနှစ်ခန့်က ....

ကျောင်းသားသစ်တစ်ယောက်၊ အခန်းထဲမှာအထွားဆုံးဖြစ်တဲ့အပြင် အမြဲတစေ အေးစက်လွန်းနေတဲ့မျက်နှာကြောင့် ဘုဏ်းတွင် သူငယ်ချင်းဟူ၍မရှိခဲ့။
ထိုကြောင့် အမြဲတစေ လူရှင်းတဲ့ PE ဆောင်အနောက်ဖက်မှာပဲ တိတ်တိတ်ကလေး ထမင်းလာစားနေကြဖြစ်သည်။

ရုတ်တရက် ရယ်မောသံအချို့ကြောင့် အာရုံစိုက်မိသွားရင်း ဟိုဟိုဒီဒီရှာဖွေကြည့်တော့ ထမင်းလာစားကြသည့် အားဟန်နဲ့လင်းသစ်ကိုတွေ့ရသည်။ အားဟန်တို့လည်း အဖော်အပေါင်းမရှိ သူ့လိုပဲလား ထင်မှတ်မိတာကြောင့် သူရှိနေမှန်းမသိရအောင် အတက်နိုင်ဆုံးတိတ်နေခဲ့သည်။
ဒါပေမဲ့ နှစ်ယောက်စလုံးက ကျောင်းမှာ ပေါ်ပြုလာဖြစ်တဲ့အပြင် ခုနှစ်တန်း A ခန်းရဲ့အဆင့်တစ်နဲ့ နှစ်မှန်းသိလိုက်ရသည်။

ထမင်းလာစားတယ်ဆိုပေမဲ့ အားဟန်က အမြဲ ဟိုချောင်းဒီချောင်းလုပ်တက်သလို ချောကလက်အချိုတွေသာစားနေတာဖြစ်ပြီး ‌နေ့တိုင်းကိုစားနေတာမို့ အားဟန်ရဲ့သွားတွေ ခံနိုင်ပါရဲ့လားလို့ အတွေးဝင်မိရသည်။
ဒါပေမဲ့ အားပါးတရပြုံးပစ်လိုက်တဲ့အခါ ပေါ်လှစ်လာတဲ့သွားဖြူဖြူတွေကြောင့် သူ့မိဘတွေ အားဟန်ကို သွားဆေးခန်းပုံမှန် ပို့ပေးပုံပဲလို့လည်း သူတွေးမိရသည်။

တနေ့ပြီးတ‌နေ့ အားဟန်ရဲ့အပြုံးတွေကိုမြင်ရတာ သူ့အတွက်ပုံမှန်လိုဖြစ်လာသည်။ သူကိုယ်တိုင်ကလည်း အရင်လို သူငယ်ချင်းလုံးဝမရှိတာတော့မဟုတ်တော့ပဲ ခေါ်ပြောအဆင့်နဲ့ တဖြည်းဖြည်းဝင်ဆန့်လာပြီ။ အထက်တန်းနောက်ဆုံးနှစ်ရောက်လာခဲ့တဲ့တိုင်အောင် အားဟန်ဆိုတာက သူလက်လှမ်းမမှီတဲ့ အတန်းဖော်တစ်ယောက်သာ ဖြစ်ခဲ့သည်။  

“ဘုဏ်း၊ ဒီနေ့လည်း ကျောင်းနောက်ကျပြန်ပြီ”

ဒီကနေ့အိမ်ကိုကူညီကာပစ္စည်းလိုက်ပို့ပေးရင်းက ကျောင်းနောက်ကျတာကြောင့် ညနေပိုင်း PE အချိန်မှသာ ကျောင်းရောက်လာခဲ့တာဖြစ်သည်။
ဒီအပတ်အတွင်း သုံးကြိမ်မြောက်ရှိနေပြီဆိုတော့ ဆရာလင်းလက်ဟိန်းအနေနဲ့ ခွင့်မလွှတ်သင့်တော့တာလည်း ဘုဏ်းကိုယ်တိုင်သိသည်။

Min Nae Mha (Complete)Tahanan ng mga kuwento. Tumuklas ngayon