My Doctor❣ / Uni

127 11 0
                                    

> My Doctor❣ <

ဆေးရုံဝန်းထဲရှိတဲ့လူအများကြားထဲ အပြေးလွှားသွားနေတဲ့ ဂျူတီဂုတ်အဖြူရောင်ဝတ်ထားတဲ့ ဆရာဝန်လေးတစ်
ယောက်ကစိုးရိမ်စိတ်ကြီးမိုးစွာဖြင့် ဒုတိယထပ်ရှိ VIP Roomသို့ရိုးရိုးလှေကားမှတစ်ဆင့်အပြေးလွှားသွားနေ
သည်။

ဓာတ်လှေကားရှိသော်လည်း လူများနေတာကြောင့် မစောင့်တော့ပဲရိုးရိုးလှေကားမှတတ်လိုက်သည်။ နားထဲမှာလဲ ခွဲခန်းထဲကနေထွက်ထွက်လာချင်း ဂျီဆောင်းရဲ့
လက်ထောက်အကူဆရာဝန်ဖြစ်တဲ့ဆောင်းဟန် လာပြောတဲ့စကားလုံးတို့သာကြားယောင်နေသည်။

" စီနီယာ့ ကောင်လေး accident ဖြစ်လို့ဆေးရုံရောက်နေတယ် "
ဆိုတဲ့စကားကြားကြားချင်းလူက ထူပူသွားကာ စိုးရိပ်မှုတို့မြင့်တတ်လာသည်။
ဆောင်းဟန်အား အခန်းနံပါတ်ကိုမေးပြီး
အပြေးလာခဲ့တာဖြစ်သည်။

VIP Room No7 ရှေ့ရောက်တော့အလောတကြီးအခန်းတံခါးကိုဖွင့်ကာကြည့်လိုက်တော့ မြင်လိုက်ရတဲ့မြင်ကွင်းကြောင့်ရင်ထဲအောင့်ခနဲ

" ချန်းလော့! "

" ဂျီဆောင်း "

ကုတင်ပေါ်မှာလှဲနေကာ မားမားနဲ့စကားပြောနေတဲ့ကောင်လေးကဂျီဆောင်းခေါ်သံကြားတော့လှည့်ကြည့်လာပြီးအသံပြုလာသည်။
ဂျီဆောင်းလဲ ချန်းလော့နားသို့သွားလိုက်ပြီး။

" ဘယ်လို...ဘယ်လိုဖြစ်တာလဲ လော့လော့ရာ! "

ပတ်တီးစီးထားတဲ့ချန်းလော့ခြေထောက်အားဂျီဆောင်းကြည့်ကာမေးလိုက်သည်။

" ကဲ ဂျီဆောင်းလေးလဲရောက်လာပြီဆိုတော့ မားမားအိမ်ခဏပြန်ဦးမယ်။ ညနေ သားပါးပါးအလုပ်ကပြန်လာမှ
တစ်ခေါက်ထပ်လာခဲ့မယ်နော် ဟုတ်ပြီလား "

" ဟုတ် မား "

" ဂျီဆောင်းလေး မားမားပြန်တော့မယ်နော် ချန်းလော့လေးကို ကြည့်ထားပေးပါဦး "

" ဟုတ်ကဲ့ မားမား ကျွန်တော်သေချာကြည့်ထားပေးပါမယ်။ ဘာမှစိတ်မပူနဲ့နော် မားမား "

ဂျီဆောင်းအပြောကိုသဘောကျစွာနဲ့ခေါင်းညိတ်ကာပြုံးပြပြီး
ချန်းလော့ မားမားက အိမ်သို့ပြန်သွားသည်။

ChenJi / JiChen OneShort Collection Where stories live. Discover now