စီအီးအိုပတ်ဂျီဆောင်းရဲ့အိုမီဂါအလှလေးချန်းလော့လော့ Ep1/Uni

96 9 2
                                    

AN/ပထမဆုံးအနေနဲ့AOBworld
(Omegaverse) ကို ရေးဖြစ်ချင်းပေါ့နော်။ အိုမီဂါဗော့စ်က စာရေးသူသဘောကျတဲ့ထဲပါတာမို့လို့ ထူးထူးခြားခြားလေး
ပုံဖော်ဖြစ်ချင်းပါ။
ဒါပေမဲ့ စာရေးသူက အိုမီဂါဗောစ့်တွေ သိပ်ပြီးတော့များများစားစားမဖတ်ဘူးပါဘူး အဲ့တော့ စာရေးသူရေးထားတဲ့ ruleတွေနဲ့ စာဖတ်သူတို့ဖတ်ဘူးတဲ့ အိုမီဂါဗောစ့်တွေရဲ့ ruleတွေကလွဲကောင်းလွဲနေနိုင်ပါတယ်နော် ဒါကိုလဲနားလည်ပေးစေချင်ပါတယ်။
ပြီးတော့ အိုမီဂါဗောစ့်ဆိုတဲ့အတိုင်းပဲ
တစ်ချို့အခန်းလေးတွေ
အနည်းငယ်ပါမယ်ပေါ့နော် ပြောချင်တာကိုနားလည်မယ်လို့ထင်ပါတယ်။
အဲ့အခန်းတွေလဲ အရမ်းကြီးhot
ဖြစ်တာမျိုးတွေတော့မပါပါဘူး။
ဒါပေမဲ့လဲအဲ့လိုမျိုးတွေရေးလို့မကြိုက်တာမျိုးဆိုလာပြောလို့ရပါတယ်နော်။
ပြီးတော့အခုလို အိုမီဂါဗောစ့်အနေနဲ့ ပုံဖော်တာကိုမကြိုက်ရင်လဲ လာပြောလို့ရပါတယ်နော်။
ကဲအဲ့ဆိုရင် စပြီးတော့ ဖတ်လို့ရပါပြီ >.<
_____________________________________

! စီအီးအို ပတ်ဂျီဆောင်းရဲ့ အိုမီဂါအလှလေးချန်းလော့လော့ !

Episode 1

ဖွင့်ထားတဲ့ Dj သံစဉ်နဲ့အလိုက် မီးရောင်စုံများက စီးချက်ညီစွာလှုပ်ရှားနေသလို Dancing Floorမှာ ကနေတဲ့
သူများကလဲသီချင်းနောက်စီးမျောခံစားရင်း စီးချက်ညီညီကနေကျသည်။

ထိုထဲကမှ Bar Counter နဲ့အနီး မျက်နှာချင်းဆိုင်က ဝိုင်းမှာထိုင်နေတဲ့
သူတစ်ယောက်ကတော့ ကိုင်ထားတဲ့
ဝိုင်ခွက်ကိုလက်ဖြင့် လှုပ်ရမ်းနေရင်း သူ့အရှေ့ကမြင်ကွင်းအားပေါက်ထွက်မတတ် စူးစိုက်ကြည့်နေလေသည်။

Bar Counterမှာ ထိုင်နေတဲ့ Omegaအ
လှလေးတွေထဲကမှ တစ်ယောက်။ ထိုတစ်ယောက်က သူ့ပိုင်ဆိုင်သူဖြစ်သည်။
တခြား Omega လေးတွေနဲ့ ရယ်လိုက်မော
လိုက်နဲ့စကားပြောနေရင်းကနေ Bartenderဆီကနေကောတေးတစ်ခွက်ကိုလှမ်းယူကာ တစိမ့်စိမ့်သောက်နေပြန်သည်။

" ကျစ်! "

" သခင်လေး ကျွန်တော် အကိုလေးကို
သခင်လေးရောက်နေတယ်ဆိုတာသွားပြောလိုက်ရမလား "

သူ့ဆီကနေ စိတ်မရှည်စွာ ကျစ်စုတ်သံကြားတော့ သူ့ body guard တစ်ဖြစ်လှည့် ညီအစ်ကိုလိုနေတဲ့ လီဟန်အင်းကမေးလာသည်။

ChenJi / JiChen OneShort Collection Where stories live. Discover now