စီအီးအိုပတ်ဂျီဆောင်းရဲ့အိုမီဂါအလှလေးချန်းလော့လော့ Ep2/Uni

100 12 0
                                    


!စီအီးအိုပတ်ဂျီဆောင်းရဲ့အိုမီဂါအလှလေး
ချန်းလော့လော့!

Episode 2

အခုချိန် အပ်တစ်ချောင်းပြုတ်ကျပါက

ထိုအပ်ကျသံကိုကြားနိုင်လောက်အောင်ထိ တိတ်ဆိတ်နေလွန်းသော အစည်းအဝေးခန်းထဲ ရုတ်တရက်ထမြည်လာတဲ့ ဖုန်း Vibrate
ကြောင့် အစည်းဝေးခန်းထဲရှိလူများတွေးလိုက်မိတာကတစ်ခုထဲ အဲ့လူတော့သွားပြီဆိုပြီး။တစ်ခုရှိတာက ဖုန်းကို Vibrateလုပ်ထားတဲ့အချက်ကြောင့် CEOကနည်း
နည်းလောက်တော့နားလည်ပေးမည်ထင်သည်။ သူတို့ Park Company က CEOက ဥက္ကဋ္ဌကြီးထက်ပင်ပိုကြောက်ဖို့ကောင်းသည်။အခုလဲ နှစ်ကုန်Projectအသစ်တွက် အသေးစိတ်ဆွေးနွေးနေတဲ့အချိန်ကျမှ ဖုန်းကလာရတယ်လို့။

အစည်းအဝေးက အဖွဲ့ဝင်တွေအချင်းချင်း မျက်လုံးကစားကာလိုက်ကြည့်လိုက်တော့ ဖုန်းVibrateက CEOဖုန်းကမြည်နေတွေ့တော့မှ တော်ပါသေးတယ်ဆိုတဲ့သဘောဖြင့်
သက်ပျင်းတိတ်တိတ်လေးချနိုင်တော့သည်။

" အင်း! "

အရယ်အပြုံးမရှိပါသောပုံမှန်မျက်နှာထားတည်တည်နဲ့ဖုန်းကိုင်ကာပြောလိုက်သော CEOရဲ့ပုံမှန်အသံကပင် သြဇာအာဏာအပြည့်။

" ဂျီ...ဆောင်း... "

တစ်ဖက်က ချန်းလော့ရဲ့အသံကြောင့်
ဂျီဆောင်းဖုန်းကို နားမှခွာကာ Contact မှ Nameကိုတစ်ချက်ပြန်ကြည့်ရ
သည်။အသံက တစ်ခုခု...မဟုတ်သေးဘူး။

" ဘာဖြစ်နေတာလဲ! "

" ငါ... ငါ.မောင့် Pheromonesလိုချင်တယ် ဟင့်! "

" ကျစ်! " " အကုန်လုံးမနက်ဖြန်မှအစည်းဝေးပြန်စမယ် "
ဂျီဆောင်း ဖုန်းကိုလက်နဲ့အုပ်လိုက်ရင်း meeting roomထဲကလူတွေကိုလှမ်းပြောလိုက်တော့ အကုန်အခန်းပြင်ကိုထွက်သွားကျသည်။အခန်းရှေ့မှာရှိနေမယ်
ဆိုပြီးလက်အမူအရာနဲ့ပြပြီး ဟန်အင်းပါစထွက်သွားသည်။

" မောင့်! "
အခန်းအပြင်ထွက်သွားတဲ့သူတွေကိုကြည့်နေတုန်း ဖုန်းထဲကနေဆူအောင့်အောင့်အသံလေးထွက်လာသည်။

" ဘာလဲကွာ ဘာဖြစ်ပြန်ပြီလဲ "

" ငါ...ငါ Heatဝင်နေပြီ။ မောင့် Pheromonesအနံ့လိုချင်တယ်။ငါမောင့်
ကိုလိုအပ်တယ်။ပြန်လာခဲ့ပါ...နော် "

ChenJi / JiChen OneShort Collection Where stories live. Discover now