ကျွန်တော်ပထမဆုံးချစ်မိသွားတဲ့ကောင်လေးကစီနိယာရဲ့ကောင်လေးတဲ့လား Ep1/Uni

92 8 8
                                    

!!ကျွန်တော်ပထမဆုံးချစ်မိသွားတဲ့
ကောင်လေးက
စီနီယာရဲ့ကောင်လေးတဲ့လား!!

Episode 1

ဒီဇင်ဘာလကုန်ခါနီးမှ နှင်းဖြူဖြူဖွေးဖွေးများ အလွန်ပေါများစွာကောင်းကင်ကြီးကနေကျဆင်းလာသည်။ ဒီနေ့က
Christmasနေ့ ပြီးတော့ ဟန်းဂုမှာပထမဆုံးနှင်းကျတဲ့နေ့။ပထမဆုံးနှင်းဆိုပေမဲ့ နှင်းတွေကဖြေးဖြေးနဲ့ နည်းနည်းစီကျနေတာတော့မဟုတ်။ တအားများပြားစွာကိုကျနေတာ။

လမ်းမထက်မှာအလှဆင်ထားတဲ့ Christmas treeတွေမှာဆိုရင် နှင်းဖြူဖြူဖွေးဖွေးတွေကဖုံးလွှမ်းလို့။
ပထမဆုံးနှင်းကျတဲ့နေကော Christmasနေ့ကောသွားတိုက်တာကြောင့် စုံတွဲတွေကိုယ်စီလမ်းမထက်မှာတွေ့နေရသည်။
ပတ်ဂျီဆောင်းလိုမျိုး တစ်ကိုယ်တည်း
သမားလေးကျတော့လဲ Coffeeဆိုင်လေး
ထဲမှာ သီချင်းလေးဖွင့်ရင်းဆိုင်ထိုင်စောင့်
နေရတာမျိုး။ဘာမှမထူးခြားတဲ့သာမာန်နေ့လေးပါပဲ။

ဂျီဆောင်းတို့ Triple J Cafeဆိုင်လေးက
ဂျီဆောင်းရယ်ဂျီဆောင်းရဲ့ဟျောင်း ဂျဲနိုရယ် ဟျောင်းရဲ့ကောင်လေး ဂျဲမင်းဟျောင်းရယ် သုံးယောက်စပ်တူဖွင့်ထားတဲ့ဆိုင်းလေး။
ဂျဲနိုဟျောင်းနဲ့ဂျဲမင်းဟျောင်းက နှစ်ယောက်သားဆိုင်ကိုပြစ်ပြီးDateနေတာကြောင့်
ဂျီဆောင်းတစ်ယောက်ထဲဆိုင်
စောင့်နေရခြင်းပင်။

ဒီနေ့ဆိုင်ဖွင့်ဖွင့်ခြင်းကတော့ လူအတော်လေးများသည်။Christmasပိတ်ရက်မလား။ ဂျီဆောင်းတစ်ယောက်ထဲလက်မလည်။ တော်သေးသည်ကအချိန်ပိုင်းအလုပ်သမား
နှစ်ယောက်ရှိနေသဖြင့်အဆင်ပြေသွားသည်။

သိုပေမဲ့ နေ့လယ်လောက်ကျတော့သူတို့လဲ ချိန်းထားတာရှိလို့ဆိုပြီးခွင့်ယူကာပြန်သွားကြသည်။ အခုတော့ဂျီဆောင်း
တစ်ယောက်ထဲ။ ဆိုင်ထဲမှာလဲလူရှင်းသွားသဖြင့်လုပ်စရာမရှိတာကြောင့် ဆိုင်ရဲ့
မှန်တံခါးပေါက်ကနေတစ်ဆင့်လမ်း
မထက်ကိုကြည့်လိုက်တော့ လမ်းတစ်လျှောက်နှင်းများနဲ့ဖုံးလွှမ်းနေပြီး
နှင်းတွေကဆက်လက်ကျဆင်းနေတုန်းပင်။

ဒီအချိန်နဲ့အသင့်တော်ဆုံး/အကိုက်ညီဆုံးသီချင်းက EXOဟျောင်းတွေရဲ့
First Snow သီချင်း။
Counterမှာထိုင်ကာဆိုင်စောင့်နေရင်း သီချင်းကိုဖွင့်လိုက်ကာသီချင်းစာသားတွေကိုလိုက်ဆိုနေမိသည်။

ChenJi / JiChen OneShort Collection Where stories live. Discover now