စီအီးအိုပတ်ဂျီဆောင်းရဲ့အိုမီဂါအလှလေးချန်းလော့လော့ Final/ Uni

97 9 4
                                    

!! စီအီးအိုပတ်ဂျီဆောင်းရဲ့အိုမီဂါအလှလေး
ချန်းလော့လော့!!

Final

" ဟန်အင်း! ငါ့အရှေ့ကဖယ်နော်! "

" ကျွန်တော်တောင်းပန်ပါတယ် အကိုလေးကြိုက်တာလုပ်ပါ,ဖယ်ပေးလို့မရပါဘူး "

ဖယ်ပေးဆိုတာကို မဖယ်ပေးပဲအရှေ့ကနေလက်နှစ်ဖက်ကိုဆန့်ထားကာပိတ်ရပ်ထားတဲ့ ဟန်အင်းကိုချန်းလော့တော်တော်ဒေါသထွက်လာသည်။

" မင်းဖယ်ပေးမှာလား မဖယ်ဘူးလား "

" ခုဏကပြောတဲ့အတိုင်းပါပဲအကိုလေး "

" အဲ့ဆိုလဲ... "

ပြောလဲပြောကာ ဟန်အင်းကိုယ်ကို ချန်းလော့အတင်းတွန်းတိုက်ကာထွက်ဖို့ပြင်တော့သည်။ဒါပေမဲ့ ချန်းလော့ထက် အရပ်အနည်းငယ်ပိုရှည်ပြီး လူကောင်လဲထွားတဲ့ Alphaလဲဖြစ်တာမို့ဟန်အင်းအားကို ချန်းလော့မယှဉ်နိုင်ပေ။ပြီးတော့လူက
အားမရှိသလိုဖြစ်နေပြီး ခေါင်းမူးနောက်နေတာကြောင့် တွန်းသာတွန်းနေရတာ
အားသိပ်မပါ။

ဒါပေမဲ့မရရအောင်ကို ဟန်အင်းကိုယ်ကိုတွန်းတိုက်ကာ အိမ်ပြင်သို့ရောက်ဖို့အရေးကြိုးစားနေရှာသည်။
ဟန်အင်းမှာလဲ သူ့သခင်လေးဆင်းလာဖို့
ကို ဆုတောင်းနေရရှာသည်။ သူ့အားကြောင့် အကိုလေးတစ်ခုခုထိခိုက်သွားကြည့်ပါလား သခင်လေးကသူ့ကိုသတ်မှာအသေချာပင်။အဲ့လိုပဲ အကိုလေးကိုမတားပဲ လွှတ်ပေးလိုက်ရင်လဲ အသတ်ခံရမှာပါပဲ။ အဲ့တော့သခင်လေး အမြန်ရောက်လာဖို့ကိုသာ ဆုတောင်းရင်း။

" အဲ့တာ ဘာဖြစ်နေတာလဲ!! "

နောက်ဆုံးတော့သခင်လေးရောက်လာခဲ့လေပြီ။ဟန်အင်းစိတ်တစ်ဝက်လောက်သက်သာသွားတော့သည်။ အကိုလေးကိုကြည့်လိုက်တော့လဲ ဟန်အင်းအရှေ့ကနေ
သခင်လေးကိုပေစောင်းစောင်းနဲ့ကြည့်နေလေသည်။

သခင်လေးနဲ့ ထယ်ဆောင်းဟျောင်းနဲ့က လှေကားရှေ့နားမှာဖြစ်ပြီးအကိုလေးနဲ့
သူနဲ့ကတော့ အိမ်တံခါးဝနားမှာပင်။
အကွာဝေးကတော့ ခြေလှမ်းဆယ်လှမ်းစာလောက်ပဲရှိသည်။
အကိုလေးက ညဝတ်အကျီနဲ့ပဲဖြစ်ပြီး သခင်လေးကတော့မနက်ကအလုပ်သွားဖို့ပြင်ထားတဲ့အကျီနဲ့ပဲဖြစ်သည်။

ChenJi / JiChen OneShort Collection Where stories live. Discover now