အပိုင်း|၁|

1.4K 30 28
                                    

စွဲလမ်းခဲ့သောအချစ်၏ အဘိဓါန်များ၌ ...
နှလုံးသားကို အလဲထိုး ရိုက်ခတ်ဖြိုခွင်း သွားကြသည့်တစ်စုံတစ်ယောက်ဆိုတာ ရှိစမြဲ။

1:00PM
China, Beijing

နေ့လယ်အချိန်ဖြစ်၍ နေကပူနေ၏။ သို့သော် မိုးစက်တွေကလည်း တဖွဲဖွဲ ကျနေပြန်သည်။ပတ်ဝန်းကျင်သည် နွေးထွေးသော်ငြား စွတ်စိုနေဟန် လေထုအငွေ့အသက်တို့နှင့် ပြည့်နှက်နေ၏။

စည်ကားသက်ဝင်နေသော ဘေဂျင်းမြို့၏ လူနေမူ့ပုံရိပ်များကို ပျိုးခေတ်ဦး အာရုံမထားနိုင်။ လားရာအရပ်ဆီ အမြန်ရောက်ဖို့ကိုသာ စိတ်အားထက်သန်နေ၏။သူ့ နဖူးထက်ချွေးစတချို့ကသီးနေသလို ကားစီယာတိုင်ပေါ် ဆုပ်ကိုင်ထားသည့် လက်အစုံဟာလည်း အလိုလို တင်းကျပ်လျက်သား။ အရာအားလုံး စိတ်၏ဇောကြောင့်ဟုသာ နာမတပ်ရတော့မည်။

လားရာအရပ်ထံ အမြန်ရောက်ချင်၏။ ချစ်ရသူကို အမြန်တွေ့ချင်သည်။ အချိန်နှောင်းမှ အရာအားလုံး နားလည်သွားသည့် မိမိအဖြစ်ကိုလည်း ရင်နာရသလို တုံးအမှူ့များအတွက် ယူကျုံးမရ။ တစ်ဖက်ကလည်း လှည့်စားရက်လေခြင်း၊ထားခဲ့ရက်လေခြင်း ပုဒ်မများနှင့် ချစ်ရသူကို စွပ်စွဲချင်သည်။သို့သော် မျက်နှာချင်းဆိုင်ပြောခွင့်က ရှိပါ့မလားဆိုတာ မသေချာ။

သူ့၏ အသိတရားထဲ တစ်ခုသာ ရှိတော့သည်။ ထိုအရာက မုန်းတီးမှု့ပင်။ ဟုတ်သည်..အရာအားလုံးကို အခုချိန်၌ မုန်းတီးမိ၏။ အမုန်းဆုံးအရာကား ပြပါမူ ကံကြမ္မာကိုသာ လက်ညှိုးထိုးရမည်။ အကောင်အထည်မရှိ၊ ပြသစရာ ခန္ဓာတောင် မရှိတဲ့ ဒီ..သောက်ကောင်ကို သူအရမ်းမုန်းတီး၏။ လူသားနှစ်ဦးကို အလိုမတူ တွေ့ဆုံချစ်ကြွမ်းဝင်အောင်လည်း လုပ်ခဲ့သလို ဘဝနောက်ဆုံးအချိန်များရောက်သည်အထိ ဒီလူသားနှစ်ဦးအား အတူယှဥ်တွဲရှိသွားခွင့်ကိုပါ ပေးသင့်သည်ဆိုတာ ဒင်း မသိလေရော့လား ...

မြို့အစွန်အဖျားလမ်းမကျယ်ကြီးပေါ် အလျင်နင်းဖြတ်သွားသော ကားတာယာများနှင့်အတူ ပျိုးခေတ်ဦးစိတ်ရေယာဥ်အတွေးများမှာလည်း ထိန်းချုပ်နိုင်စွမ်းမရှိ။ အမုန်းတရားများဟာ ပြေးလွှားခုန်ပေါက်လျက်သာ....

ͲᎡᏆᎪΝᏀᏞᎬ  ᎠᎬᏟᎬᏢͲᏆϴΝ Where stories live. Discover now