အပိုင်း|၂|

446 20 21
                                    

တောပန်းကလေးများနဲ့..လှချင်တိုင်း၊လှနေပါတဲ့...
လမ်းလေးကွေ့ကောက်ရာ..ဘေးနှစ်ဖက်မှာ..
အဆုံးသတ်ခရီးဆက်လို့ ဖြတ်ကျော်မြင်ကွင်းရှေ့မှာ...
တောင်ပြာတန်းတွေ စီးလို့ကာ..

ရောက်ချင်ဇော..
မျှော်သူရင်မော လွမ်းလှပီ...
အမြင်သာနီး...ခရီးဝေးတဲ့တောင်...

နားစည်အတွင်း ဝင်ရောက်လှုပ်နိုးလိုက်သယောင်။
မျက်ဝန်းအစုံက မှိတ်ထားနေသော်ငြား ဟိုဒီပြေးလွှားနေမိပြီး ရင်ထဲမွန်းကျပ် လှောင်ပိတ်လျက်။

(မထားခဲ့ပါနဲ့ ... ပြန်လာပါ...)

တင်းကျပ်မှု့များ..

(ကျွန်တော် .. လိုက်လာခဲ့ပီလေ ... )

နာကျင်မှု့များနှင့်အတူ...

(ဘယ်မှာလဲ...ဘယ်နေရာမှာလဲဗျာ..)

တစ်စုံတစ်ယောက်အား ရှာဖွေနေမိ၏။

ခွင်း! ခွင်း! ခွင်း!!

"ဦးဝဠာခွင်း!!! "

"Zhen Zhen"

"ဟင်!"

သူ့အမည်ကို အားနှင့်အော်ခေါ်လိုက်တာကြောင့် လန့်ဖြတ်နိုးလာခဲ့ပြီး ဘေးဘီဝဲယာ ကြောင်တောင်တောင်ကြည့်မိ၏။တုန်ရီနေသော ရင်အစုံကြောင့် အသက်ရှုသံပြင်းသံက ထွက်ပေါ်နေကာ အေးစက်နေသည့်သူ့၏လက်ဖျားများကိုတော့ လိုက်ပါပို့ဆောင်သူ ဦးလေးကြီးဟာ စိုးရိမ်တကြီး ဆုပ်ကိုင်ထားလေသည်။

"အဆင်ပြေရဲ့လားသား..အိမ်မက်စိုးတွေမက်နေတာထင်တယ်"

အိမ်မက်တစ်ခုပဲ..

"အိမ်မက်စိုးတစ်ခု မက်နေလို့ပါဦးလေး။သားအဆင်ပြေပါတယ်"

သူ့မျက်နှာကို ဦးလေးကြီးက အကဲခတ်သလို တစ်ခဏ ကြည့်လိုက်ပြီး အဆင်ပြေတာတွေ့ရမှသာ ခေါင်းတစ်ချက်ငြိမ့်ပြ၍ ပြန်အိပ်သွားသည်။

သူကတော့ အိပ်ပျော်ဖို့မဖြစ်နိုင်တော့။ လက်တွေ့ဆန်လွန်းသည့် အိမ်မက်ကြောင့် စိတ်မှာကသိကအောင်နိုင်စွာ။ခံစားရတာတွေကရှင်းလင်းလွန်းနေပြီး အခုချိန်ထိ ရင်မှာလတ်ဆတ်နေဆဲ။

အိမ်မက်ဆိုးတစ်ခုပါပဲ ..။နည်းနည်းလက်တွေ့ဆန်နေတာပါကွာ..

ͲᎡᏆᎪΝᏀᏞᎬ  ᎠᎬᏟᎬᏢͲᏆϴΝ Where stories live. Discover now