အပိုင်း|၁၀|

196 15 13
                                    

"ဖွင့်လိုက်!"

"ဟုတ်! ဟုတ်ကဲ့ ဆရာ"

ဟိုတယ်ဝန်ထမ်းကောင်လေး၏ ဝမ်းဗိုက်ကို ခွန်သျှံ သေနတ်နှင့် ထောက်ထားတာကြောင့် သူ့ခမျာအယောင်ယောင် အမှားမှား။

ဂျောက်!

"ရပီ သွားတော့!"

ခွန်သျှံစကား မဆုံးလိုက်။ ဝန်ထမ်းကောင်လေးမှာတန်းနေအောင် ပြေးလေပြီ။ သူခေါင်းတစ်ချက်ခါယမ်းမိလိုက်ရင်းပင် တံခါးဆွဲဖွင့်လိုက်တော့..

"အာ့...အာ့....အာ့...ဘေဘီ"

"ဟက်! အလုပ်ကြီးအကိုင်ကြီး လာလုပ်နေတာပဲ"

နှုတ်ကတော့ ဘာမှမဟုတ်သလို တီးတိုဆိုမိပေမယ့် မျက်ခုံးတန်းတို့က အလိုလိုပင့်မြှောက်သွားခဲ့ကာ သူ့ရင်ထဲ အနုမြူဗုံးကွဲလေပြီ။

"အာ့...ဘေဘီ..shit!"

"ဟင့်...ကိုကြီး...အာ့...အာ့...မြန်မြန်!!"

အိပ်ခန်းနံရံကို ဖြတ်ကျော်၍ ဧည့်ခန်းဆီသို့ ထွက်လာသော အသံများက ပြတ်တောင်း၊ပြတ်တောင်းနှင့်။

ခွန်သျှံအတွက်တော့ ထက်ရှလွန်းသည့် ဓါးများပမာ ထိုအသံများက အသဲအူကို နုတ်နုတ်ဆင်းနေခဲ့သလို။ နိမ့်တစ်ခါ မြင့်တလှည့်ရင်အုံက သူ့၏အသက်ရူနှုန်းပုံမှန်မဟုတ်ကြောင်း ဖော်ပြနေခဲ့ပြီး အခန်းထဲမှ နှစ်ယောက်ကလည်း ထူးမခြားနား ရမက်ဇောများနှင့် ကြွယ်ဝနေပုံမှာ နှလုံးအိမ်ဟက်တက်ခွဲချလို့ ဆားသိပ်လိုက်သည့်အတိုင်းဟု ဆိုရမလို။

ရွှေဝါရောင်လွှမ်းနေသော အထက်တန်းကျကျ အခန်းအပြင်အဆင်က သူ့အတွက်တော့ စိတ်ငြိမ်စေရန်မစွမ်းသာ။ ရောက်မလာခင်တည်းက စိတ်ရောကိုယ်ပါ ကြိုတင်ပြင်ဆင်ထားသော်ငြား ချစ်နေရသူတစ်ယောက်အဖို့တော့ အဘယ်မျှ ခံနိုင်ရည်ရှိမည်နည်း။ခွန်သျှံ အံကို ခပ်တင်းတင်းကြိတ်ကာ ပိုင်းခြားထားသော အိပ်ခန်းတံခါးကို ဆွဲဖွင့်လိုက်တော့..

"ဟင်! ... အား........!!!"

"ဘုတ်!"

ကျယ်လောင်သော မိန်းမအသံ၏ အဆုံးသတ်တွင် ကုတင်ပေါ်က လုံးထွေးနေသောနှစ်ယောက်က အောက်သို့ မြိုင်မြိုင်ဆိုင်ဆိုင်ကြီး ပြုတ်ကြသွားလျက်။

ͲᎡᏆᎪΝᏀᏞᎬ  ᎠᎬᏟᎬᏢͲᏆϴΝ Where stories live. Discover now