အပိုင်း|၈|

176 15 22
                                    

"မနက်ဖြန် မင်းလိုက်လို့ အဆင်ပြေပါ့လား။ ညီတစ်ယောက်လုံး အခုလိုဖြစ်ထားတာ .. မင်းလဲ တစ်ရက်တစ်လေ စောင့်ချင်မှာပဲ။ အကယ်၍ .. မင်းမသွားချင်သေးဘူးဆို ငါတို့တစ်ရက်လောက် အချိန်ဆွဲလိုက်ရင်ရော .. ချင်းမိုင်ကအကောင် ထွက်မပြေးနိုင်ပါဘူး။ ဘယ်လိုလဲ.."

"ကျွန်တော်သွားလို့အဆင်ပြေပါတယ် ခေါင်းဆောင်။ မမဝိုင်ချိုကိုယ်တိုင် တာဝန်ယူထားတာဆိုတော့ စိတ်ချရပါပီ။ (၂)ရက်လောက် အနားမနေပေးရုံနဲ့တော့ မထူးပါဘူး.."

"မင်းအဆင်ပြေ ပီးတာပဲ"

မြေညီထပ်လျှောက်လမ်းမပေါ် ဖွင့်ဟထားသည့် ပြတင်းပေါက်မှတဆင့် ခပ်အေးအေး လေပြည်အချို့က တိုးတိုက်ဝင်လာခဲ့သည်။ နှစ်ဦးသား ယှဥ်တွဲရပ်တန့်လျက် အပြင်ဘက်သို့ ကြည့်နေမိရင်း စကားစမြည်ပြောနေမိ၏။

မတိမ်းမယိမ်း အရပ်အမောင်း၊ မကွာခြားသည့် ကိုယ်ခန္ဓာ အချိုးအစားတို့ကြောင့် သူတို့နှစ်ဦးက ရွယ်တူသူငယ်ချင်းများပမာ။

ရင်းနှီးသည်ထက်ပိုသော ခပ်သင်းသင်းရနံတစ်ခုက ခွန်သျှံအနား ဝေ့သီလျက်။ ယနေ့တော့ ထိုရနံလေးဟာ နီးနီးကပ်ကပ် ရှိနေလေပြီ။

ထိုအချိန် ချထားသော လက်ဖမိုးဆီမှ ထိကပ်သွားသော အသားဆိုင်အိအိလေးကို ရုတ်ချည်းခံစားလိုက်ရပြီး ခွန်သျှံနှလုံးသား၌ ခံစားမိပုံမှာ ကျင်ကနဲ။ နောက်မှသတိထားမိချိန် ခေါင်းဆောင်တစ်ယောက် ပြတင်းပေါက်ကိုကျောပေးမှီနေကာ သူ့နှင့်ဆန့်ကျင်ဘက်အနေအထား ရောက်နေခဲ့မှန်း သိတော့ပြီ။

တစ်ခါလေးဆိုသော်ငြား သူ့မှာ ယောကျာ်းတန်မဲ့ ရင်တုန်ရသလို တစ်ဖက်မှာတော့ ဘာဖြစ်သွားမှန်းတောင် သိမည်မဟုတ် ချေ။

သရုပ်ဆောင်ကောင်းနေသည့် မိမိအဖြစ်ကို မချင့်မရဲဖြင့်သာ ခွန်သျှံချီးကျူးလိုက်၏။

"ဒါနဲ့ ... မင်းညီလေးက အခုမှဒီကိုရောက်ဖူးတာရော ဟုတ်ရဲ့လား"

"...ဘာများဖြစ်လို့လဲ ခေါင်းဆောင်"

အမေးကို အမေးနှင့်သာ ခွန်သျှံ ခပ်သွက်သွက် တုန်ပြန်လိုက်၏။

ͲᎡᏆᎪΝᏀᏞᎬ  ᎠᎬᏟᎬᏢͲᏆϴΝ Where stories live. Discover now