Chapter - 3

90 16 9
                                    

ချွဲယောန်ဂျွန်းထင်ခဲ့သလို ပြစ်ဒဏ်သည် သေဒဏ်မဟုတ်ခဲ့။

ထယ်ရှင်းနန်းတော်၏ ဥပဒေသများအား စာရွက်အရွက်နှစ်ဆယ်ကူးယူရေးသာရန်ဖြစ်ခဲ့သည်။

အိမ်ရှေ့စံသည်လည်း အိမ်ရှေ့စံတို့နေထိုင်သင့်သော စည်းမျဉ်းစည်းကမ်းများအား စာရွက်အရွက်နှစ်ဆယ် ကူးယူရေးသားရမည်ဖြစ်သည်။

ထို့ပြင် ယောန်ဂျွန်းရေးဆွဲခဲ့သော ဘဲ့ချူးအလံနှင့်ပတ်သတ်၍လည်း မင်းကြီးမှာ အနုနည်းနှင့် နောက်ထပ် ထပ်မံ၍မဆွဲဖို့ရာ ပြောကြားခဲ့သည်။

အိမ်ရှေ့စံကတော့ သူပါအပြစ်ပေးခံရသည်မလို့ မကျေမနပ်ဖြစ်နေခဲ့သည်ပေါ့။

ယောန်ဂျွန်းသည် ထယ်ရှင်းတွင်နေထိုင်ရမည်ထက် တစ်နေ့တစ်နေ့ အိမ်ရှေ့စံနှင့် မည်သို့ရင်ဆိုင်ရမည်ကိုတွေးကာ ပို၍စိတ်ညစ်ခဲ့သည်။

ယောန်ဂျွန်း ယခုစာပေဆောင်တွင် မင်းကြီးပေးသည့်အပြစ်ဒဏ်အား ခံယူနေသည်။

တစ်နေကုန် ဘာမှမစားရသေးတာမလို့ အထိန်းတော်ရှင်းမှာ ဘေးနားမှ သူယူလာသည်များအား အရင်စားရန်နားချလေသည်။

"ယောန်ဂျွန်း အကုန်ပြီးအောင်ရေးပြီးမှ စားချင်ပါတယ်"

"ညနေတောင်စောင်းနေပါပြီ မင်းသားငယ် အဆာခံနေရင် ဗိုက်အောင့်နေပါလိမ့်မယ်"

"ရပါတယ် အထိန်းတော်ရှင်း ပြီးတော့မှာပါ"

ယောန်ဂျွန်းမသိချင်လျှင်တောင် သိလိုက်ရပြီဖြစ်တဲ့ ထယ်ရှင်း၏စည်းမျဉ်းစည်းကမ်းတွေ။ အိမ်ရှေ့စံအား ပြုမူလိုက်သည့် ကိစ္စသည်လည်းမည်မျှအပြစ်ကြီးကြောင်း သူသိရပါသည်။

တစ်ချိန်က ဘဲ့ချူးမှာ အိမ်ရှေ့စံအဖြစ်နေထိုင်ခဲ့ရပြီး ယခုတွင်တော့ ထယ်ရှင်းကအိမ်ရှေ့စံအား ခယနေရတော့မည်။ သူဘယ်လိုမှစိတ်မချမ်းသာခဲ့။

မင်းကြီးကိုလည်း ခမည်းတော်ဟုမည်သို့မျှမခေါ်နိုင်ကြောင်းပွင့်ပွင့်လင်းလင်းပြောကြားခဲ့ရာ မင်းကြီးက ဦးရီးတော်ဟုခေါ်ဖို့ရာ အခွင့်ပေးခဲ့သည်။

သူသည် ထယ်ရှင်းကမင်းကြီးထံတွင် ယခုလိုခိုလုံနေရသည်ကို ခံပြင်းပါသည်။ ခမည်းတော်နှင့်မယ်တော်အားသတ်ခဲ့သူကို ဘယ်လိုစိတ်နှင့်များ ခမည်းတော်ဟုခေါ်ရမည်နည်း။

Moral of the storyWhere stories live. Discover now