Chapter - 7

103 16 1
                                    

"မင်းသားယောန်ဂျွန်းက တဖြည်းဖြည်းနဲ့အရွယ်ရောက်လာပါပြီ မင်းကြီး ပညာလည်းစုံပြီမလို့ ဒီတိုင်းပဲဆက်နေခိုင်းဖို့ရာတော့ မသင့်တော်ဘူးထင်ပါတယ်"

"ဒါဆို ဒီတိုင်းမထားရင် နန်းတော်အတွင်းရေးကိစ္စတွေကိုပေးသိမလို့လား တာဝန်တွေခွဲပေးရင်တဖြည်းဖြည်းနဲ့ အကုန်စိုးမိုးလာမှာကိုစိုးရပါတယ်မင်းကြီး"

ညီလာခံတွင် လက်ယာအမတ်ကြီးနှင့် လက်ဝဲအမတ်ကြီးမှာတစ်ယောက်တစ်ပြန် အပြန်အလှန်ပြောကြ၏။

"နန်းတော်အတွင်းရေးတွေပေးမသိချင်လို့တောင် ဂျူဂျီမြို့ကိုပညာတော်သင်စေလွှတ်ခဲ့တာမဟုတ်လား"

"ထယ်ရှင်းရဲ့မင်းသားတိုင်းမှာ အခုဆိုသူနယ်ပယ်နဲ့သူ လေ့လာရင်း ဝင်ရောက်စူးစမ်း‌လုပ်ကိုင်နေကြပါပြီ မင်းသားယောန်ဂျွန်းကိုလည်း အတော်အသင့်တစ်နေရာတော့ပေးသင့်ပြီလို့ထင်ပါတယ်"

"ကဲကဲ မောင်မင်းတို့ပြောတာကို ကိုယ်တော်နားလည်တယ် လက်လည်းလက်ခံတယ် ယောန်ဂျွန်းကို နန်းတွင်းရေးနဲ့လည်းသိပ်ပတ်သတ်စရာမလိုတဲ့ ‌ဂုဏ်လည်းရှိမယ့် နေရာတစ်နေရာပေးဖို့စဉ်းစားကြတာပေါ့"

ထိုအခါမှ အမတ်ကြီးတို့မှာ ဆက်မငြင်းတော့ပဲ မင်းကြီးပြောသည့်အတိုင်းသာနားထောင်ရတော့သည်။

နန်းတော်အတွင်းမှာနေသည်မလို့ နန်း‌တွင်းနှင့်ပတ်သတ်စရာမလိုသည့်နေရာဟူသည်မရှိ။

ညီလာခံမှာ တစ်မနက်လုံးကျင်းပခဲ့သော်လည်း ‌မင်းသားယောန်ဂျွန်းအား မည်သည့်ရာထူးပေးရမည်မှာ မရေမရာသာဖြစ်ခဲ့သည်။

ဒီနေ့သည် ပန်းပွဲတော်ကျင်းပရာ နောက်ဆုံးရက်ဖြစ်၏။ ထယ်ရှင်းမြို့တော်အတွင်း မင်းညီမင်းသားများလည်း လည်ပတ်သွားလာကြမည်ဖြစ်သည်။

ကျင်းပသည့် ပန်းပွဲတော်သုံးရက်တွင် နောက်ဆုံးရက်မှာ အစည်ကားဆုံးဖြစ်သည်။ ထို့ပြင် နောက်ဆုံးရက်တွင် ထူးထူးခြားခြားပြုလုပ်ကြသည်က အခြားရက်များနှင့်မတူပဲ မျက်နှာဖုံးများတပ်ကြခြင်းဖြစ်၏။

ကျားရုပ်၊ ခြ‌ေင်္သ့ရုပ်၊ ဒေါင်းရုပ်၊ ဝက်ရုပ် စသည်ဖြင့် ပုံသဏ္ဍာန်မတူ မျက်နှာဖုံးမျိုးစုံတပ်ကြပြီး မိန်းမပျို‌လေးများအတွက်လည်း လှလှပပပြုလုပ်ထားသည့် မျက်နှာဖုံးများစွာရှိသည်။

Moral of the storyWhere stories live. Discover now