Chapter - 4

86 16 8
                                    

"ညီတော်"

ပါးချိုင့်နှစ်ခုအထင်းသားနှင့် မျက်နှာချို‌သွေးကာ ပုခုံးပေါ်လက်လာတင်သူကြောင့် တစ်ခုခုခိုင်းတော့မယ်ဆိုတာ ဘောမ်ဂယူသိလိုက်သည်။ ထို့ကြောင့်

"မယ်တော်က ဒီရက်ပိုင်းဘာအပြစ်မှမလုပ်မိစေဖို့ပြောထားပါတယ် အစ်ကိုတော် ခဏခဏ အပြစ်ပေးခံထိနေလို့ ခမည်းတော်ကလည်း မကြည်ဘူးတဲ့"

အိမ်ရှေ့စံပြောရမည်တောင် တွန့်သွားသည်။

"ဘောမ်ဂယူကလည်း ဒီတစ်ခါ အစ်ကိုတော်ကိုယ်တိုင်ကလည်း ကူညီပါ့မယ် ဒီတစ်ခါထဲ"

"ဘာလဲ အရင်ပြောကြည့်ပါ"

"စပျစ်-"

"ခွင့်ပြုပါဦး အစ်ကိုတော်"

"ဟာ..ဟာ..ဘောမ်ဂယူ ဘာမှမပြောရသေးဘူးလေ"

စပျစ်အရသာချိုချိုလေးရတဲ့ သေရည်ပုလင်းလေးခိုးပေးပါလား ဟူ၍ပြောလာမည်ကိုကြိုသိနေတာကြောင့် ဘောမ်ဂယူ အနောက်လှည့်မကြည့်တမ်း ပြေးထွက်လာခဲ့သည်။

ခမည်းတော်သည် အိမ်ရှေ့စံအပါအဝင် မင်းသားအားလုံးအား သက်တော်နှစ်ဆယ်မပြည့်မချင်း သေရည်သောက်ခြင်းအား တားမြစ်ထား၏။

အစ်ကိုတော် ပထမတစ်ခါခိုးခိုင်းတုန်းကမိသွား၏။ ဒုတိယတစ်ခါခိုးခိုင်းတုန်းကလည်းမိပြန်၏။ ဘောမ်ဂယူသည် ခိုးကြောင်ခိုးဝှက်လုပ်ရလျှင် လူမမိသည်ကခပ်ရှားရှား။ တတိယတစ်ခါတော့ထပ်မခိုးရဲတော့ပေ။ ထို့ပြင် အစ်ကိုတော်သည် တစ်ခါသောက်မိပါက တစ်ရက်လုံးမူးတတ်၏။ ဤသည်မှာအဓိကပြဿနာ။

အခုတစ်ခါမိပါက ကြိမ်ဒဏ်အချက်တစ်ရာ့ငါးဆယ်ချက် ရိုက်ခံရမည်ဖြစ်သည်။ ထို့ပြင် မယ်တော်ငြိုငြင်သည်လည်းခံရမည်။ ထို့ကြောင့် လွတ်ရာပြေးရ၏။

ကျန်နေခဲ့သူ အိမ်ရှေ့စံမှာတော့ ထွက်ပြေးသွားသူညီတော်ကြောင့် ထိုကိစ္စအား ကိုယ်တိုင်လုပ်မှသာ ပြီးမြောက်မည်ကိုသဘောပေါက်လိုက်သည်။

မတတ်နိုင် ခိုးစရာရှိတာတော့ခိုးရမှာပဲ။ ခမည်းတော်ကမှတရားဝင်ခွင့်မပြုတာ။

..............

ညနေခင်းတစ်ခု။
မိုးကောင်းကင်သည် တစ်နေကုန်ရွာသွန်းထားသော်လည်း မကြည်လင်သေး။ မိုးဖွဲတို့ဟိုတစ်ပျောက်ဒီတစ်ပျောက်ကျဆင်းနေပြီး ခပ်အုံ့အုံ့။

Moral of the storyWhere stories live. Discover now