Chapter - 8

129 15 2
                                    

ပျက်သုဉ်းသွားပြီဟုယူဆထားကြသော ဘဲ့ဟန့်ချူးတိုင်းပြည်တွင် မဟာမိတ်များ၏။ ပြောရလျှင် ထိုတိုင်းပြည်သည် သစ္စာရှိလွန်းသောတိုင်းပြည်တစ်ပြည်ဖြစ်ပြီး မဟာမိတ်တိုင်းပြည်များအနေဖြင့် ဘဲ့ချူးမှ ခြိမ်းခြောက်သည်ကိုတစ်ခါမှမခံရဖူးပေ။ အကျိုးများစွာသာရခဲ့သည်မလို့ ဘဲ့ချူးကိုသစ္စာဖောက်ချင်သည့်တိုင်းပြည်ဟူ၍ သိပ်ကိုရှားသည်။ ဘဲ့ချူးတိုင်းပြည်အပေါ်တွင်စိတ်ရင်းမှန်ကြ၏။

ထယ်ရှင်းတွင်တော့မတူပေ။ မဟာမိတ်ဖွဲ့ထားသော်လည်း ခြိမ်းခြောက်ခံရဖူးသည့် တိုင်းပြည်များ၏။ မတွန်းလှန်နိုင်လို့သာ မဟာမိတ်မရမကဖွဲ့ထားကြခြင်းဖြစ်လေသည်။

ဘဲ့ချူးနှင့်မဟာမိတ်ဖွဲ့သည့်နိုင်ငံအများစုမှာ သစ္စာဖောက်ကာ ဘဲ့ချူးအားသိမ်းပိုက်ချင်စိတ်များမရှိ။ ထယ်ရှင်းကိုတော့ရလျှင် သိမ်းချင်စိတ်ကများကြသည်။ အဓိက ကထယ်ရှင်းဘုရင်အား သုတ်သင်စေလိုကြသည်။

ဘဲ့ချူးသိမ်းပိုက်ခံရချိန်၌ ဘဲ့ချူးမှထွက်ပြေးလွတ်မြောက်ခဲ့သော စစ်သည်တို့ရှိသည်။ ပြည်သူတို့ရှိသည်။ ထယ်ရှင်းဘုရင်သည် စစ်သုံ့ပန်းတွေရော အကုန်လုံးအား သိမ်းပိုက်ခဲ့သော်လည်း ထွက်ပြေးလွတ်မြောက်သူများကိုတော့အကုန်လိုက်မရှာနိုင်ခဲ့ပေ။

မဟာမိတ်နိုင်ငံများမှာလည်း ထယ်ရှင်း၏သစ္စာဖောက်မှုကြောင့် မကျေနပ်ကြသည်မှာ ယနေ့ထိပင်ဖြစ်သည်။ သို့သော်မတွန်းလှန်နိုင်သေးသည်မလို့သာ ဒီတိုင်းနေခဲ့ကြရသည်။

ထယ်ရှင်းဘုရင်မသိသည်က ထယ်ရှင်းတိုင်းပြည်အတွင်းတွင် ဘဲ့ချူးမှ သူလျှိူများစွာရှိနေခဲ့သည်ကိုပင်။

ဘဲ့ချူးဘုရင်သည် အမြော်အမြင်ကြီးစွာဖြင့် ထယ်ရှင်းနှင့် မဟာမိတ်စဖွဲ့သည်မှတိုင် ထယ်ရှင်းတိုင်းပြည်အတွင်း သူလျှိူများစေလွှတ်ထားခြင်းဖြစ်သည်။ ထယ်ရှင်းဘုရင်အကြောင်းကိုနားလည်ထားသလို တစ်ချိန်ကျလျှင် သစ္စာဖောက်လာနိုင်သည်ကိုလည်း ကြိုစဉ်းစားခဲ့ကာ အိမ်ရှေ့စံလေး၏အဖိုးတန်လှသော လျှို့ဝှက်ချက်တစ်ခုအား ပြောပြခဲ့သည်။ ဤသည်မှာ ဘဲ့ချူးသည် အကယ်၍ ထယ်ရှင်းလက်အောက်သို့ရောက်ခဲ့ပါက ထိုလျှို့ဝှက်ချက်ကိုအကြောင်းပြု၍ အိမ်ရှေ့စံမှာ အသက်ရှင်ခွင့်ရလိမ့်မည်။

Moral of the storyWhere stories live. Discover now