Part(17)

2.8K 123 6
                                    

Unicode

ခိုက်ဦးclub ကပြန်လာပြီး သူ့အခန်းထဲဝင်ကာမီးဖွင့်လိုက်ချိန် ရုတ်တရက်မြင်လိုက်ရသော သူကြောင့် ထအော်မိလိုက်သည်။

fuck.!

"ဟ...ဇီးကွက်ဖြူ မင်းငါအခန်းထဲဘာဝင်လုပ်နေတာလဲ"

ခြွေလည်း သူကိုတွန်းထုတ်သွားသူကို မကျေနပ်လို့ ရန်ပွဲနွှဲရန် မအိပ်ပဲ  စောင့်နေတုန်း ကားသံကြားတော့ တဖက်ကအခန်းထဲ အခန်းပိုင်ရှင်မရောက်ခင် အမြန်ဝင်လာလိုက်သည်။

"ဟမ်..ဘာလုပ်ရမှာလဲ ထမင်းစားခန်းက ကိစ္စရှင်းရအုံးမယ်လေ ပြီးတော့ မင်းငါကိုတွန်းထုတ်သွားတဲ့ကိစ္စရောပဲ"

ခိုက်ဦး လည်းလူကမူးနေပါတယ် ဆိုမှ ဘာတွေလာပြောနေမှန်းမသိ ပြောနေတဲ့သူကိုဂရုမစိုက်တော့ပဲ သူ့မွေ့ယာပေါ်လှဲ​ပြီးအိပ်ဖို့ပြင်လိုက်သည်။

ခြွေလည်းပြောနေတာကို ဂရုမစိုက်ပဲအိပ်ဖို့ပြင်နေသူကို စိတ်တိုပြီး မွေ့ယာနားကပ်လိုက်ကာ

"ဒီမှာ...ငါမင်းကိုပြောနေတယ်လေ ငါနဲ့အရင်ရှင်းစရာရှင်းပြီးမှ အိပ် အခုမအိပ်နဲ့ထ"

ခိုက်ဦးလည်း အိပ်နေတာကို အတင်းလာဆွဲထူနေတဲ့သူကြောင့် ဒေါသထွက်ပြီးလက်တဖက်ကိုစောင့်ဆွဲပစ်လိုက်တော့သည်။

ခြွေလည်းသူ့လက်ကိုဆွဲလိုက်တဲ့ သူကြောင့်ဟန်ချက်မထိန်းနိုင်တော့ပဲ မွေ့ယာပေါ်က လူဆီသို့ လှဲကျသွားကာ နှုတ်ခမ်းနှစ်ခု ထိကပ်သွားတယ်။

ခြွေလည်း အမြန်ပြန်ထဖို့ပြင်ပေမဲ့ တဖက်လူက အတင်းဖက်ထားပြီး နှုတ်ခမ်းကိုမွတ်မွတ်သိပ်သိပ်နမ်းလာတာကြောင့် တဖက်သူရဲ့ရင်ဘက်ကိုလက်ဖြင့်ထုကာ တွန်းကန်နေသည်။

ခိုက်ဦးလည်း ပထမက တော့သူနှုတ်ခမ်းပေါ်ကျရောက်လာတဲ့ နူးညံ့တဲ့ အရာလေးကို ဖယ်ဖို့စဥ်းစားပေမဲ့ ရုတ်တရက်ရလာတဲ့နှင်းဆီနံသင်းသင်းလေးကြောင့် မဖယ်နိုင်တော့ပဲ ပိုပြီးနမ်းချင်စိတ်တွေဖြစ်လာကာ ပြင်းပြင်းထန်ထန် နမ်းနေမိတော့တယ်။

နာရီဝက်လောက်ကြာတော့ မောသွားဟန်ထင် အနမ်းများရပ်တန့်လိုက်ပြီး ခဏအနားယူနေကြသည်။

ခြွေယူသူ (complete)Where stories live. Discover now