Unicode
ခြွေလည်း ဝမ်းဗိုက်နားကတဆစ်ဆစ် နာကျင်မှုနဲ့အတူ နိုးထလာခဲ့သည်။
"ခြွေ..ခြွေ.အဆင်ပြေရဲ့လား ခေါင်းရောမူးနေသေးလား မောင်ဆရာဝန်သွားခေါ်...."
"ငါ့ လက်ကိုလွှတ်..."
"ဟမ်? ခြွေဘာပြောတာလဲ.."
"မင်းကိုင်ထားတဲ့ ငါ့လက်ကို အခုချက်ချင်းလွှတ်လို့ပြောနေတယ်လေ ခိုက်ဦးထိုက်မာန်"
"ခြွေ မောင်ကို ဘယ်လိုတွေပြောနေတာလဲ.. နေမကောင်းဘူးလား"
ခိုက်ဦးလည်း ခြွေနှာဖူးပေါ်လက်တင်ကာ စမ်းမယ်ပြင်လိုက်တုန်းတဖက်လူက ရှောင်လိုက်တာကြောင့် လေပေါ်ရပ်တန့်သွားသည်။
"ငါ့ အခန်းထဲက ထွက်သွား"
ခိုက်ဦးလည်း ဒေါသထွက်လာတာကြောင့်
"ခြွေ မင်း မောင့်ကို ဘယ်လိုတွေပြောနေတာလဲ"
"ငါ့အခန်းထဲက အခုချက်ချင်းထွက်သွား"
ခြွေလည်း တဖက်ကထိုင်နေတဲ့ မေရီကိုကြည့်လိုက်ပြီး
"မေရီ ကျေးဇူးပြုပြီး မင်းရဲ့မောင်ကို ငါ့ အခန်းထဲကနေ ခေါ်ထုတ်သွားပေးပါ.."
မေရီလည်း ခြွေရဲ့ ပြောင်းလဲသွားတဲ့ပုံစံကိုကြည့်ပြီး အံသြနေသည်။
"မေရီ!မင်းရဲ့ မောင်ကိုခေါ်ထုတ်သွားလို့ပြောနေတယ်လေ!!"
"ဘယ်သူမှခေါ်ထုတ်သွားစရာမလိုဘူး... ခြွေ မင်းမောင့်ကိုစိတ်ဆိုးနေတာလား.."
ခြွေလည်း ပြတင်းပေါက်အပြင်ဘက်ကြည့်လိုက်ပြီး
"စိတ်ဆိုးရအောင် မင်းနဲ့ ငါနဲ့ ဘာဆိုင်လို့လဲ"
"ခြွေ! မင်းစနောက်တာ ရပ်သင့်ပြီနော် မောင်စိတ်တိုလာပြီ.."
"ဟက်..ငါ့ပုံက စနောက်နေတဲ့ ပုံပေါက်နေလို့လား ခိုက်ဦးထိုက်မာန်"
ခိုက်ဦးလည်း ခြွေပုခုံးကိုလက်နဲ့ ညစ်လိုက်ပြီး
"ခြွေ မင်းကိုတော်တော့လို့ပြောနေတယ်လေ"
ဖြန်းးး
ခိုက်ဦးး
သားခြွေ...
![](https://img.wattpad.com/cover/353058032-288-k610433.jpg)
YOU ARE READING
ခြွေယူသူ (complete)
Fantasyboy×boy girl×girl ukeလေးကနည်းနည်းweakဖြစ်မှာပါရှင့် အခုမှစရေးတဲ့ficလေးမို့ဖတ်ပေးကြပါအုံးရှင့်