Part(18)

2.7K 126 6
                                    

Unicode

( warning ပိစိ )🙈

ကျွီ..

ခြွေတစ်ယောက်အခန်းထဲမှာ ပြတင်းပေါက်ဘက် မျက်နှာမူပြီး စာဖတ်နေတုန်း အခန်းတံခါး ဖွင့်သံကြားလိုက်တာကြောင့် အနောက်ဘက်လှည့်ချိန်

ဟင်..!
"မင်းးခြွေအခန်းထဲ ဘာလာလုပ်တာလဲ"

ခိုက်ဦးလည်း တဖက်က ကြောက်ကြောက်လန့်လန့် နဲ့ မျက်လုံးပြူး ပြီးပြောနေတဲ့ အရှေ့က ဇီးကွက်ဖြူ ကိုကြည့်ကာ နှုတ်ခမ်းအနည်းငယ်ကွေးရုံမျှပြုံး လိုက်ပြီး ချက်ချင်းပြန်တည်လိုက်ကာ

"အဟမ့်..ဘာလာလုပ်ရမှာလဲ မနေ့ညက ကိစ္စအတွက် လျော်ကြေးလာတောင်းတာလေ"

"ဘာ...လျော်ကြေး "

"ဟုတ်တယ်လေ မနေ့ညက ခင်ဗျားကြောင့် ကျွန်တော်ဘယ်လောက် ခံစားခဲ့ရလဲသိလား"

"ဒီမှာ ခိုက်ဦးထိုက်မာန် မင်းငါကိုလာနောက်နေတာလား မနေ့ညက ဇာတ်လမ်းကဘယ်သူကအရင်စခဲ့တာလဲ ပြောလေ"

"ခင်ဗျားပေါ့"
ဘာ..
"ဟုတ်တယ်လေ ခင်ဗျားအရင် ကျွန်​ေတာ်အခန်းထဲ ပိုင်ရှင်မသိပဲ ဝင်နေတာလေ"

မင်းးးး

"ကဲပါ မင်းတွေ မမ်တွေလုပ်မနေနဲ့ ကျွန်တော်အခုလျော်ကြေးလာတောင်းတာ အဲ့ဒါပဲပေးတော့ ကျန်တာမပြောနဲ့နားညီးတယ်"

ခြွေလည်း စိတ်တော်တော်တိုလာကာ

"အေး လျော်ကြေးတော့မရဘူး ခြွေအကြောင်း ကောင်းကောင်းသိစေရမယ် angry birdစုတ်.."

"ဘာ angry bird"

"အေး ဟုတ်တယ် မင်းနာမည်အရင်းကိုခေါ်တာလေ angry birdစုတ်ရဲ့"

"ဇီးကွက်ဖြူ ခင်ဗျားသေချင်နေပြီလား"

ခြွေလည်း နှာမှုတ်လိုက်ပြီး ခနဲ့ သလိုရယ်ပြလိုက်တယ်။

"အေး ဒီနေ့တော့မင်း နဲ့ငါဘယ်သူသေမလဲကြည့်ရသေးတာပေါ့"

ခြွေလည်း စောနက အိမ်စေကောင်မလေးယူလာပေးတဲ့ ကော်ဖီနဲ့မုန့်ကို စားပွဲပေါ်ပြောင်းပြီး အောက်ခံလင်ဗန်းကိုယူကာ အရှေ့က လူဆီသို့သွားလိုက်သည်။

ခိုက်ဦးလည်း လင်ဗန်း ကိုင်ပြီး လာနေတဲ့သူကိုကြည့်​နေလိုက်ပြီး

ခြွေယူသူ (complete)Onde histórias criam vida. Descubra agora