Part(34)

2.3K 91 0
                                    

Unicode

ဝတီ..

"အော်အမ လာလေ ဘာဖြစ်လို့လဲ"

"အမ ဝတီကိုပြောစရာရှိလို့ ပြီးတော့ တောင်းပန်စရာလည်း ရှိလို့ ဝတီ"

"ဘာပြောစရာရှိလို့လဲ အမရဲ့ ပြောလေ"

"ဟို သားခိုက်ဦးရဲ့ အဖေနဲ့အမေက ဒီတပတ်မလာဖြစ်လို့ နောက်တပတ်မှာပဲလာတော့မယ်တဲ့ အဲ့တာ အမတို့ပဲ ကလေးတွေရဲ့ စေ့စပ်ပွဲကို အရင်လုပ်ရအောင် ပြီးတော့ အမတို့ဘက်က သေသေချာချာလုပ်ပေးရမှာကို အခုလို ဖြစ်သွားတဲ့ အတွက်အမတောင်းပန်ပါ တယ်နော် ဝတီ"

"ရပါတယ်အမ ရဲ့ သားခိုက်ဦးရဲ့ မိဘတွေက မအားလို့နေမှာပါ ပြီးတော့အမကလည်း ခိုက်ဦးရဲ့ အဒေါ်အရင်းပဲ ဆိုတော့ အမနဲ့ပဲ မနက်ဖြန်စေ့စပ်ပွဲ ကိစ္စကို စီစဥ်လိုက်မယ်လေ ။ လက်ထပ်ဖို့ကတော့ သားခိုက်ဦး မိဘတွေလာမှပဲ စီစဥ်ကြတာပေါ့လေ"

မေတ္တာလည်း ဝတီကိုပြုံးပြပြီး ခေါင်းညိမ့်လိုက်သည်။

"အော် အမ ဒါနဲ့ သားခိုက်ဦးရဲ့ မိဘတွေကလည်း ဆရာဝန်တွေလို့ ပြောတယ်နော်"

"အင်းဟုတ်တယ် အမရဲ့အကိုကတော့ ဆရာဝန်လေ ယောင်းမကတော့ ဒီအတိုင်း ရွှေဆိုင်လေးပဲ ဖွင့်ထားတယ်"

မေတ္တာလည်း ဝတီ စိတ်အားငယ်သွားမှာဆိုးတာနဲ့ အသင့်အတင့် လောက်ပဲ ပြောပြလိုက်တယ်။

"အော် ဒါဆို အမတို့ မောင်နှမ နှစ်ယောက်လုံးက အရမ်းတော်ကြတာပဲ တယောက်ကလည်း သူနာပြု တယောက်ကလည်း ဆရာဝန်ဆိုတော့ အရမ်းကို ဂုဏ်ရှိနေမှာပဲ တော်ပါသေးရဲ့ ဝတီသားလေးက အမတို့လို ပညာတက်အသိုင်းဝိုင်းနဲ့  
ဆွေမျိုးတော်ရတော့ ဝတီဖြင့် သားလေးအတွက်  စိတ်အေးရပါတယ်။"

"စိတ်ချပါ ညီမရဲ့ ခြွေလေးကို အမတို့ မိသားစုက သေချာစောင့်ရှောက်ပေးမှာပါ ကိုကိုနဲ့ မမမေကလည်း ခြွေလေးကိုချစ်ပါတယ်။ အမရဲ့ အကို ဧကရာဇ်ဦးမာန်ကလေ တော်ရုံဆို ဘယ်သူနဲ့မှစကားမပြောတဲ့သူ သားခြွေလေးနဲ့တွေ့တုန်းကဆို သားခြွေလေးနဲ့ ကိုကိုက စကားပြောဖော်ပြောဖက်ဖြစ်နေတာ။ အခုတောင် ဖုန်းဆက်ရင် အမြဲတမ်း သားခြွေလေးကို မေးမေးနေတာ သူ့စကားပြောဖော်မရှိလို့ ပျင်းနေပြီထင်ပါရဲ့လေ"

ခြွေယူသူ (complete)Wo Geschichten leben. Entdecke jetzt