Part(24)

2.7K 118 4
                                    

Unicode

"အားးအခုမှပဲ အမောပြေတော့တယ် ဟူးးးး"

ခိုက်ဦးလည်း ကုတင်ပေါ်လှဲနေတဲ့ သူကိုနှာခေါင်းတချက်ရှုံ့ပြီးကြည့်နေသည်။

သတ္တိလည်း ပတ်လက်လှဲနေရာကနေ တစောင်းအနေအထားပြောင်းလိုက်ပြီးခေါင်းနေရာကိုလက်ထောက်လိုက်ရင်း
"ဟဲ့ဟျောင့် ခိုက်ဦးငါ အလယ်မှာအိပ်မှာနော်"

ဘာ.....

"ဟာကွာ လန့်လိုက်တာ ငါမxိုးမသားလေးရဲ့ ဖြေးဖြေးအော်လည်း ရပါတယ်ကွ"

"ဘောကို ငါမxိုးမသား သတ္တိမင်းသေချင်နေပြီလား"

"ဟ ငါယောင် သွားလို့ပါ မင်းကလည်းစိတ်ကြီးပဲ"

"ယောင်လည်း ေနာက်တခါအဲ့အသံကြားလို့ကတော့မင်းသေပြီသာမှတ်"

ဟို..

ခိုက်ဦးနဲ့သတ္တိလည်း စကားပြောနေရင်းအသံကြားလိုက်တာကြောင့်နောက်လှည့် ကြည့်မိလိုက်သည်။

"အော် ခြွေပါလား ဘာဖြစ်လို့လဲ"

"ဟို ခိုက်ဦးနဲ့ သတ္တိ ရေချိုးချင်ရင် နောက်က​ရေချိုးခန်းမှာသွားချိုးလို့ရတယ်လို့လာပြောတာ"

"အား အတော်ပဲ ကျွန်တော်လဲ ခန္ဓာကိုယ်က ချွေးတွေနဲ့ ဆိုတော့ရေချိုးချင်နေတာ ခိုက်ဦး မင်းရောရေမချိုးဘူးလား"

"ငါနောက်မှချိုးမယ် မင်းပဲသွားချိုးလိုက်"

"ကောင်းပြီလေ ဒါဆိုလည်းငါအရင်သွားချိုးလိုက်တော့မယ်"

သတ္တိလည်း အခန်းထဲက သပတ်တစ်ထည်ယူ ပြီးထွက်လာလိုက်သည်။

ခြွေလည်း အခန်းထဲဝင်လာပြီး ဗီဒိုကစောင်တွေထုတ်ကာ

"ရော့ ညဘက်ဆို ဒီဘက်ကအရမ်းအေးတယ် စောင်ထူထူခြုံအိပ်မှအဆင်ပြေမှာ"

"မလိုဘူး"

"ခိုက်ဦး မင်းစောင်ခြုံမအိပ်ရင် လေဖြတ်သွားလိမ့်မယ် ယူထား"

"ခင်ဗျားက ဘယ်မှာအိပ်မှာလဲ"

"ခြံရှေ့မှာ ဖျာခင်းပြီးသွားအိပ်မှာ"

"ပန်းဦးခြွေ.."

"ဘာလဲ ဘာလို့ငါ့နာမည်လာခေါ်နေတာလဲ"

ခြွေယူသူ (complete)Onde histórias criam vida. Descubra agora