Pt.1

5.3K 398 268
                                    

Jeon အိမ်တော်ကြီးပေါ်ရှိ အိမ်မ,ဆောင်ထဲတွင်  မျက်နှာချင်းဆိုင်တည်ရှိနေသော အိပ်ခန်း၂ခန်း..

တစ်ခန်းတွင် စာလုပ်နေသော Kim Seokjin နှင့် နောက်တစ်ခန်းတွင် Jeon Jungkook ..

Jeon Jungkook က တစ်ယောက်ထဲတော့မဟုတ်.. စောနက club ထဲမှာ တွေ့လာသော Omega ကောင်လေးတစ်ယောက်နှင့်..

Seokjin နားကြပ်ကိုသာတပ်ကာ volume မြှင့်ထားပြီး ကူးစရာရှိသည့်စာတချို့ကို ကျောင်း website မှ ကူးနေလေသည်...

ထိုစဥ် သူမျက်နှာမူ‌နေရာ စာကြည့်စားပွဲနံရံတွင် ထင်ဟပ်လာသော လူအရိပ်သဏ္ဍာန်..

ဘေးကို လှည့်ကြည့်လိုက်တော့ သူ့ကိုမိုးပြီးကြည့်နေသည့် Jungkook..

Bathrobe ကို ကသုတ်ကရက် ၀တ်လာပုံရသော Jungkook သည် သူ၏ ကြွက်သား အဖုအထစ်များထနေသော ရင်ဘတ် မို့မို့မောက်မောက်ကိုတော့ လုံအောင် မကာထားနိုင်ပေ..

ချွေးစက်အချို့ လိမ့်ဆင်းနေသော ရင်ဘတ်ခပ်ကျယ်ကျယ်သည် အခန်းမီးရောင်အောက်တွင် အရည်လဲ့နေသည်..

Jungkook ၏ ရမ္မက်ပြင်းပြင်းမျက်နှာကို တစ်ချက်ကြည့်ကာ..

"ဘာလဲ"

နားကြပ်ကိုဖြုတ်ရင်း Seokjin မေးလိုက်တော့..

"နားလေး ဘာလေးလည်းစွင့်ဦး.. ငါခေါ်နေတာကြာပြီ.. အရေးအကြောင်းဆို နားထဲ နားကြပ်ကြီးပဲဆို့မထားနဲ့"

သူ့ကို ထိုင်ရာမထမော့ကြည့်နေသော Kim ‌Seokjin သည် Omega တစ်ယောက်ဟု မြေကြီးလက်ခတ်မလွဲ ပြောနိုင်ရလောက်အောင်ကို လှပလွန်းသည်ထက်ပိုသည်...

အချိုးအစားကျလှသည့် မျက်နှာသွယ်သွယ်၊ ဗာဒံစေ့သဏ္ဍာန် အညိုရောင်မျက်၀န်းတစ်စုံ၊ ပုံစံတကျ ထုဆစ်ထားသည့်နှယ် နှာတံထင်းထင်းနှင့် လိုက်ဖက်ညီစွာ အနားကွပ်လှလှဖြင့် အဆုံးသတ်သွားသည့် နှင်းဆီဖူးနှုတ်ခမ်းလေး...

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.
Jeon's Angelic Omega [ABO/kookjin] ✅Where stories live. Discover now