Pt.25

2.5K 333 541
                                    

"Jun.. "

Jungkook ၏နာမည်ကိုခေါ်ရန် Seokjin ပါးစပ်ဟလိုက်သည်နှင့် လည်ပင်းက စူးစူး၀ါး၀ါး ပြန်နာကျင်လာသောကြောင့် မျက်လုံးများပင် မှိတ်ကျသွားရသည်...

"စ...စကားမပြောနဲ့ဦး Seokjin.. အခု အရမ်းနာနေဦးမှာမို့ စကားမပြောနဲ့ဦး"

သူ့ကိုတင်းတင်းဖက်ကာ သူသက်သာလိုသက်သာငြား သူ၏ဒဏ်ရာကို ဖွဖွနမ်းလာသော Jungkook သည် သူ့လုပ်ရပ်ကို စိတ်မဆိုးဘူးလား...

သူနေသာစေရန် မက်မွန်ပန်းရနံ့ Pheromone အပြည့်လွတ်ထားသည့် အခန်းကျဥ်းလေးထဲတွင် သူ့ကိုမလှုပ်စေပဲ ငြိမ်ငြိမ်လေးထွေးပွေ့ထားသော Jungkook သည် အသံတိတ်ကြိတ်ငိုနေသည်...

"မင်း.. မင်းက ဘာလို့ငိုတာလဲ"

Seokjin ကြိုးစားကာ စကားပြောလိုက်တော့ သူ့ကိုစကားပြန်မပြောပဲ ရင်ခွင်ထဲ ပွေ့ပိုက်ထားရာဆီငုံ့ကြည့်ရင်း ရှိုက်နေပြန်သည်...

"ငါ့..ငါ့ကို အမှတ်အသားပေးမိသွားလို့လား.. ငါက မင်း.. မင်းနဲ့ Park Jimin ရဲ့လက်ထပ်ပွဲ...အ့..ပျက်စေချင်ရုံပါပဲ"

Jungkook မျက်ရည်များအပြည့်ဖြင့် သူ့ကိုငုံ့ကြည့်ကာ ခေါင်းကို ယမ်းပြလေသည်..

"ငါ.. ထွက်သွားပေးမှာပါ"

သူ့စကားအဆုံးတွင် Jungkook က..

"မဟုတ်ဘူး.. အဲ့ဒါတွေကြောင့်မဟုတ်ဘူး Seokjin... ငါ.. "

ပြောနေရင်း Seokjin ကို တင်းတင်းပြန်ဖက်ထားပြန်တော့ သူလည်း ဘာလုပ်ရမှန်းကို မသိတော့ပေ...

"ငါ.. ငါက နှောင်ကြိုးဖွဲ့အမှတ်အသားပေးရင် ဒီလိုပြီးစလွယ်မဖြစ်အောင်၊ မနာကျင်ရအောင် အများကြီးပြင်ဆင်ပြီးမှ မင်းကိုအမှတ်အသားပေးဖို့ တွေးခဲ့တာ"

Seokjin သူ့နားကိုပင် သူ မယုံနိုင်အောင်ဖြစ်သွားသည်... သူ့လည်ပင်းကနာလွန်းလို့ နားက ကြားချင်တာလျှောက်ကြားနေတာများလား...

"ခုလိုမျိုး မင်း.. မင်းအရမ်းနာကျင်နေရတာကို ငါထိုင်ကြည့်နေရလိမ့်မယ်လို့ မတွေးခဲ့ဖူးဘူး"

Seokjin နာကျင်လျှင် သူက နှစ်ဆပိုခံစားရကြောင်း မပြောချင်တော့ပေ... ဒီအကြောင်းတွေကို လူမသိ၊ သူမသိ သူမျိုသိပ်ထားခဲ့တာပဲ တစ်သက်ရှိနေပီမလား...

Jeon's Angelic Omega [ABO/kookjin] ✅Where stories live. Discover now