Pt.22

2.4K 342 393
                                    

Jeon အိမ်တော်၌...

"ဂုဏ်ယူပါတယ် သခင်လေး Jungkook.. Park Jimin shi မှာ ကိုယ်၀န် ခန့်မှန်းခြေ ၆ ပတ်ရှိနေပါပီ"

အိမ်တော်ထိန်းမင်၏ အတည်ပြုစကားသံအဆုံးတွင်..

"ကောင်းတယ်..ကောင်းတယ်.. ဒါဆိုရင် မင်းတို့ရဲ့မင်္ဂလာပွဲကို မြန်မြန်စီစဥ်လို့ရပြီ"

"Congras နော် Jimin"

"ကျေးဇူးပါ ကိုကိုကြီး"

တက်ကြွနေသော Mr Jeon နှင့် ဘာမှမဆိုင်စွာပင် တိတ်ဆိတ်နေသော Jungkook...

ခဏအကြာတွင်..

"အကုန်လုံး အပြင်ကိုထွက်ပေးကြပါ.. ကျွန်တော် Jimin ကို ပြောစရာရှိတယ်"

Jungkook ၏ စကားကြောင့်..

"ဒါ‌ပေါ့ ဒါပေါ့... မင်းတို့နေ့ကောင်းရက်သာရွေးကြ၊ ငါကတော့ ဘယ်နေ့မဆို အဆင်ပြေတာမို့ ငါနဲ့ Park ခမည်းခမက်အတွက် သိပ်မတွေးနဲ့"

Mr Jeon ပြောရင်း အခန်းထဲမှ ဦးဆောင်ကာထွက်သွားတော့ သူ့နောက်မှ Jeon Hoseokနှင့် အိမ်တော်ထိန်းမင်တို့ လိုက်ပါထွက်သွားကြသည်...

ဘယ်သူမှမရှိတော့ Jimin က သူ့ရင်ခွင်ထဲတိုး၀င်လာကာ...

"Jeon ခုချိန်မှာ စိတ်ရှုပ်နေဦးမှာ ဂျီသိပါတယ်.. ဒါပေမဲ့ ဒါက ကိုယ်တွေရဲ့ဖူးစာပဲမို့ ဖြစ်လာတာကို အပြစ်မတင်စေချင်ဘူး.. ကိုယ်တွေရဲ့ကလေးလေးမှာလဲ အပြစ်မှ မရှိတာ"

သူ၏ခါးကို တင်းတင်းဖက်ကာ သူ့ရင်ဘတ်ကိုမှီရင်း ပြောလာသော Jimin သည် အနာဂတ်အတွက် ကြိုတွေးပြီး ပျော်နေပုံပင်..

Jimin ၏လက်များကို သူ အသာဖယ်လိုက်ကာ..

"Jimin... ကိုယ်အခုပြောမှာ သေချာနားထောင်စေချင်တယ်"

"ဘာလဲ.. Jeon က ဂျီ့ကို တာ၀န်မယူချင်တာလား"

ပေါ့ပေါ့ပါးပါးနေတတ်သည့်ပုံပေါ်ပေမဲ့ အရာရာကို အကင်းပါးသည့် Jimin၏ စကားသံအဆုံးတွင်..

"ဒါပေါ့ ကိုယ်တာ၀န်ယူမှာပေါ့"

~~~~~~~~~~~××××××××××~~~~~~~~~~~

Park Jimin ၏ ဆေးစစ်ချက်မှတ်တမ်းကို Seokjin အကြမ်းဖြင်းဖတ်လိုက်ပြီး စာအိတ်ထဲပြန်ထည့်မည်အလုပ် ဓါတ်မှန်စာရွက်နှင့် ဆေးစစ်ချက်မှတ်တမ်းတွင် Park Jimin၏ ကိုယ်၀န်နှင့်ပတ်သက်၍ ဘာမှတ်ချက်မှ မရေးထားသည်ကို သတိထားမိလေသည်...

Jeon's Angelic Omega [ABO/kookjin] ✅Where stories live. Discover now