Pt.14

2.7K 330 225
                                    

 "F**k.. F**k.. အကုန်လုံးကို double f**k ပဲ"

ကားစတီယာရင်ကို လက်သီးဖြင့်ထုရင်း  အရှိန်ပြင်းပြင်း မောင်းလာသော Jungkook ...

ဦးတည်ရာက Jeon Hoseok တို့ မောင်းထွက်သွားသည့် Seoulကို ပြန်နေသည့် အ‌ဝေးပြေးလမ်းမပေါ်...

ခုချိန်မှာ သူအပြစ်အတင်ဆုံးကတော့ သူ့ကိုသူပင်... Seokjin heat ၀င်တတ်တဲ့ရက်တွေကို ဒီလောက် သတိထားနေတဲ့ကြားထဲက တကယ့်ကို မမျှော်လင့်ထားတာက ဖြစ်သွားခဲ့တာ...

အမှားအယွင်းဖြစ်မှာစိုးလို့ Seokjinကိုတောင် Jeon အိမ်တော်မှာ Jeon Hoseok နဲ့ ၂ယောက်တည်းမထားပဲ သူပျော်ပွဲစားထွက်ရာကို ရအောင်ခေါ်လာခဲ့တာလေ... ခုကျတော့ ၂ယောက်တည်းတောင် ကားနဲ့ ထွက်သွားကြပြီတဲ့လား...

Jeon Hoseok ၏ဖုန်းကို အဆက်မပြတ်ခေါ်သော်လည်း လုံး၀မကိုင်သောကြောင့် သူ အသက်ရှုပင်မမှန်ချင်တော့...

တစ်နာရီကို ဘယ်နှကီလိုမီတာနှုန်းနှင့်မောင်းလာလဲတော့မသိ... ကားစတီယာရင်ကို လက်ဖြင့် တင်းတင်းဆုပ်ကိုင်ကာ မောင်းနေသည်မှာ ကားစတီယာရင်ပင် ပြုတ်ပျက်ထွက်တော့မတတ်...

ထိုစဥ် ဘွားခနဲမြင်လိုက်သည်က လမ်းဘေးတစ်နေရာတွင် ရပ်ထားသောကားတစ်စီး...

သံသယရှိစရာမလိုအောင်ပင် ထိုကားသည် သူ့အကိုတော်၏ကား...

ကျွီခနဲမြည်အောင် သူ့ကားကိုဆောင့်ရပ်လိုက်ပြီး ကားပေါ်မှ ပြေးဆင်းသွားကြည့်တော့ ငြိမ်သက်နေသောကား....

ရှေ့ခန်းမှာလူမရှိ၊ နောက်ခန်းရောက်တော့ မေ့နေတာလား သေနေတာလားမသိသော Jeon Hoseok... သူ ဂရုမစိုက်အား..

Kim Seokjin!!

Kim Seokjin ဘယ်မလဲ!!

ကားပတ်ပတ်လည်၊ ကားနောက်ဖုံးအကုန် သူ သွေးရူးသွေးတန်း လိုက်ရှာနေမိသည်...

Seokjin ၏ အရိပ်ယောင်တောင် မမြင်ရသောကြောင့် သူ့သွေးများကတော့ ငယ်ထိပ်ကိုဆောင့်တက်နေပြီ...

Seokjin ကို တစ်ယောက်ယောက် ခေါ်သွားတာလား... ဒါမှမဟုတ် သူ့ဖာသူ ထွက်သွားတာလား...

လေးဖက်လေးတန်ကို လှည့်ကြည့်ပြီး ဖြစ်နိုင်ခြေရှိသည့်နေရာ စဥ်းစားရသည်...

Jeon's Angelic Omega [ABO/kookjin] ✅Where stories live. Discover now