Pt.12

2.7K 344 368
                                    

ဒီည Jeon အိမ်တော်၌ ခါတိုင်းထက်ကို ဆူညံသံများနှင့် အသက်၀င်နေသည်...

အိမ်မ‌ဆောင်ကြီးထဲတွင် ပန်းအလှဆင်ကြသူများနှင့် မီး အလင်းအမှောင် ညှိနေကြသူများ ပျားပန်းခတ်မျှ လှုပ်ရှားနေကြသည်...

Seokjin ကတော့ Jungkook ခိုင်းမှသာ လုပ်ပေးရသူမို့ ဘာမှ ၀င်လုပ်စရာမလိုပေ...

မကြာမီ Jeon အိမ်တော်၀င်းထဲသို့ အသီးသီး၀င်လာကြသော Park မိသားစု၏ကားများ...

အခြွေအရံ၊ အသိုင်းအ၀ိုင်းကြီးကြီးထဲကဆိုတော့ အရာရာတိုင်းက ခန့်ညားထည်၀ါနေသည်ပင်...

နှစ်ဖက်မိသားစု၏ ညစာစား၀ိုင်းသည်လည်းMr Jeon မျှော်လင့်ထားသလို အဆင်ပြေပြေပင် ပြီးဆုံးသွားသည်..

Park မိသားစုထက် အစစအရာရာ အင်အားကြီးမားသော Jeon အသိုင်းအ၀ိုင်းနှင့် ပတ်သက်ခွင့်ရသည်မှာ Park အိမ်တော်အတွက်လည်း ကံကောင်းခြင်းတစ်မျိုးမို့ ဒီထက်အဆင့်တက်ခွင့်ရမည်ဆိုလျှင် Park မိသားစုအတွက်လည်း အတိုင်းထက်အလွန်ပေါ့...

"Seokjin.. ဘာတွေတွေးနေတာလဲ"

ခြံထဲမှ ဒန်းပေါ်တွင်ထိုင်ကာ ထိန်ထိန်သာနေသော လမင်းကြီးကို ငေးကြည့်နေသည့် သူ့နားရောက်လာသည့် ကိုကိုကြီး...

ခါတိုင်းမြင်နေကျ CEO style မဟုတ်ပဲ Jeon အိမ်တော်၏ သားတစ်ယောက်ပုံစံဖြင့် သာမန်လူငယ်လေးလိုပဲ မိမိုက်နေသည်...

ဒါပေါ့လေ Jeon မျိုးရိုးပဲဟာ...

ဒါပေါ့လေ Jeon မျိုးရိုးပဲဟာ

Oops! This image does not follow our content guidelines. To continue publishing, please remove it or upload a different image.

"ဘာမှမတွေးပါဘူး"

စကားနည်းသောသူက Jeon Hoseokကို တစ်ချက်သာကြည့်ကာ ကောင်းကင်ကို ပြန်မော့ကြည့်နေသည်...

"Seokjin"

"ဟင်"

ဒီတစ်ခါတော့ မျက်နှာချင်းဆိုင်မှ ကောင်းတော့မည်... သူ့ကို စူးစိုက်ကြည့်နေသော Jeon Hoseokကို ပြန်ကြည့်ကာ ထူးလိုက်တော့...

Jeon's Angelic Omega [ABO/kookjin] ✅Where stories live. Discover now