အပိုင်း ၂ (uni)

166 10 6
                                    

ဒီနေ့မေမေ့အသိတွေလာမယ်ဆိုသောကြောင့်ကုမ္မဏီမသွားဖြစ်တော့ပါ။တစ်နည်းအားဖြင့်သူလက်ထပ်ရမယ့်သူရဲ့သတို့သားလောင်း။မေမေကငယ်ငယ်ထဲကသူနဲ့တူတူပေါင်းလာတဲ့မေမေ့သူငယ်ချင်းရဲ့သားနဲ့သူ့ကိုလက်ထပ်ပေးရန်သဘောတူထားသည်တဲ့။ငယ်ငယ်လေးထဲကမေမေတစ်ယောက်ထဲကသာသူ့ကိုပြုစုစောက်ရှောက်ခဲ့သည်ဖြစ်တဲ့အတွက်မေမေ့စကားကိုဘယ်တုန်းကမှမငြင်းဖူးပါ။မေမေ့ကိုပျော်စေချင်သည်။သူငယ်ငယ်က သူ့မွေးနေ့မှာဖေဖေရောဟုမေးမိတော့မေမေငိုသည်။အဲဒီအချိန်ကစပီး သူမေမေငိုမှာကြောက်ပါသည်။ယခုလဲမေမေ့ကသူ့အားကောင်းစေချင်လို့စဥ်ပေးတယ်လို့ပဲသဘောထားပီးလက်ခံလိုက်ပါသည်။ငြင်းစရာအကြောင်းလဲမရှိပါ။

သူတွေးနေတုန်းအိမ်ရှေ့ကကားသံကြားသည်။မေမေ့အသိတွေရောက်လာကြပီထင်သည်။မေမေ့အသိတွေအိမ်ထဲဝင်လာတော့​ေမမေကမတ်တပ်လိုက်သဖြင့်သူပါလိုက်ပီးမတ်တတ်ရပ်လိုက်သည်။

"နှင်း လာကွာ တို့စောင့်နေတာကြာပီ"

"ရှင့်သားငယ်လေးပေါ့ သူ့အိမ်ထောင်ဘက်ကိုတွေ့ရဖို့အတွက် အစွမ်းကုန်ပြင်နေလို့ စောင့်နေရတာ"

"မေမေ့သားလေးက ချစ်ဖို့ကောင်းပီးသားပဲကို လာမေမေ့နားလာ"

"ဟုတ် မေမေ"

"သား ဒါသားလက်ထပ်ရမယ့် သူပဲ
အေးချမ်းစေတဲ့ သားထက်အသက် သုံးနှစ်ကြီးတယ်"

"ဟုတ်ကဲ့"

"သားငယ်ကတော့ မေမေ့သားကိုသိပီးသားဖြစ်မှာပါ ပုံထဲမှာ မေမေပြထားတယ်လေ"

"ဟုတ် သားမှတ်မိပါတယ်"

သူကပြုံးပြလိုက်တော့သူ့ထက်အသက်ကြီးတယ်ဆိုတဲ့သူလက်ထပ်ရမယ့်သူကပြန်ပြုံးပြပါသည်။ရှက်ရွံ့နေသည့်ပုံစံလဲမရှိပါ။သူ့ကိုယ်သူယုံကြည်မှုတော်တော်ရှိတဲ့သူပဲ။
အဖြူရောင်အိကျီနဲ့မိုးပြာရောင်ဘောင်းဘီကိုတွဲဝတ်ထားပီးမျက်ကပ်မှန်အပြာရောင်လေးပါတပ်ထားသည်။ထိုပုံစံကလဲသူနဲ့လိုက်ဖက်မှုရှိသည်။ဆံပင်ကနဖူးပေါ်ဝဲကြနေပီခဲရောင်လေးဖြစ်သည်။

"သားတို့အချင်းချင်း စကားပြောကြည့်ကြအုန်းလေ သား သားငယ်လေးကိုအပေါ်ထပ်က သားရဲ့အခန်းထဲကိုခေါ်သွားလိုက်ပါကွယ်"

ငါကမင်းရဲ့ပိုင်ရှင်Where stories live. Discover now