အပိုင်း ၁(zaw)

51 0 0
                                    

'အောက်တန်းစားကောင်  ငါတစ်ယောက်လုံးရှိနေတာတောင် အပြင်ထွက်ပီးလူပျိုလုပ်နေတယ်ပေါ့ ငါမသိဘူးထင်လို့လား ဟင် ငါ့ကိုငတုံးများထင်နေလား မင်းမှန်တယ်ထင်ရင် ငါ့မျက်လုံးကို ရဲရဲဝံ့ဝံ့ကြည့်စမ်းပါ'

"ကျစ်"

ကားကိုမှီပီးသူ့ကို တရားခံစစ်သလိုကြည့်နေသောသူကြောင့် ကားနားကိုသွားလိုက်သည်။

"အချစ်ရာ ကစ်လေးက စောစောနိုးနေလို့လမ်းလျှောက်ထွက်လာတာပါကွာ အချစ်ကလဲအိပ်နေတော့မနှိုးပဲထွက်လာတာ"

"ငါကဘာပြောနေလို့လဲ"

"ဘာမှမပြောပေမယ့် အချစ်က ကိုယ့်ကိုအဲလိုကြီးကြည့်နေတာကို"

"ဆိုတော့ ငါကသက်သက်မဲ့မင်းကို အ​ပြစ်လိုက်ရှာနေတာပေါ့"

"မဟုတ်ပါဘူးကွာ
အချစ်မနက်စာစားပီးပီလား
ဗိုက်ဆာနေရောပေါ့ လာ လာ ပြန်ကြရအောင်"

ဟင်း။ငါ့အကြောင်းတော့သိသားပဲ။မနက်စောစောအိပ်ယာနိုးရင် ချစ်ရသူရဲ့ရင်ခွင်ထဲကနေမောနီးဆိုပီး မေးဖျားလေးကိုမော့နမ်းနေကြ။ဒါကိုသိရဲ့သားနဲ့ငါ့ကိုတစ်ယောက်ထဲထားခဲ့ပီးဒင်းတို့သားဖက မနက်စောစောလမ်းလျှောက်ထွက်သွားတယ်ပေါ့။ခုခေတ်က ပိုင်ရှင်ရှိတယ်ဆိုပီးလက်ချင်းချိတ်ထားရင်တောင်နောက်ထပ်လက်တစ်ဖက်ကိုလာချိတ်ချင်ကြသေးတာ။ပီးတော့ ငါ့ယောကျာ်းလို ဥစ္စပေါ့ ရုပ်ချော သူဌေးတွေဆိုရင်တော့
အရိပ်တောင်အလွတ်ပေးချင်ကြတာမဟုတ်ဘူး။အိပ်ယာနိုးတော့သူ့ကိုမတွေ့လို့ မေမေ့ကို
မောင်ဘယ်သွားလဲမေးတော့ သူ့သမီးကစ်လေးနဲ့လမ်းလျှောက်သွားတယ်ဆိုလို့ ချက်ချင်းကားထုပ်ပီးလိုက်လာခဲ့ရတာ။မျက်နှာတောင်မသစ်ရသေးဘူး။

"ရောက်ပီ အချစ်"

အတွေးလွန်နေလို့ကားအိမ်ပြန်ရောက်မှန်းတောင်မသိလိုက်။မောင်က ကားပေါ်က အရင်ဆင်းပီးသူ့ဘက်ကားတံခါးလာဖွင့်ပေးသည်။သူလဲကားပေါ်ကဆင်းပီးအိမ်ထဲဝင်သွားလိုက်သည်။

"အော် ပြန်လာကြပီလား မေမေ မနက်စာစားဖို့စောင့်နေမယ် ရေချိုးပီးဆင်းလာခဲ့ကြနော်"

ငါကမင်းရဲ့ပိုင်ရှင်Where stories live. Discover now