အပိုင်း ၃(uni)

113 9 0
                                    

ဒီနေ့ကစ်လေးဖျားနေသဖြင့်အေးချမ်းစေကုမ္မဏီကို မလိုက်ဖြစ်တော့ပါ။မောင့်ကိုရောအိမ်မှာနေစေချင်ပေမယ့် ဒီနေ့အရေးကြီး
တွေ့ရမယ့်တော့သူရှိသည်ဆိုသောကြောင့် သူလဲမတားဖြစ်တော့။ကစ်လေးက ညကအစားမှားသွားလို့လားမသိ တအီအီနဲ့အေးချမ်းစေနားကိုသာကပ်နေသည်။ကစ်လေးနေမကောင်းတော့ အေးချမ်းစေလဲ တော်တော်ဝမ်းနည်းပါသည်။ကစ်လေးက မောင်သူ့ကိုပထမဆုံးပေးတဲ့လက်ဆောင်မို့ ချစ်သလိုတန်ဖိုးလဲထားပါသည်။ကစ်လေးနေမကောင်းဖြစ်ရင်သူတို့ပါ အဆင်မပြေဖြစ်မည်ဟု ထင်မိပါသည်။ဆိုင်ဆိုင်မဆိုင်ဆိုင် ကိုယ်ချစ်တဲ့သူနဲ့ပတ်သတ်ရင်အဘက်ဘက်က တွေးပီးစိတ်ပူပါသည်။

"သွားတော့မှာလား မောင်"

"ဟုတ်တယ် အချစ် အလုပ်ပီးတာနဲ့မောင်တန်းပြန်လာခဲ့ပါ့မယ် ကိုယ့်ကိုစိတ်မပူနဲ့ အရေးကြီး ကိစ္စရှိရင်ကိုယ့်ကိုဖုန်းဆက်လိုက်နော် "

"အင်း မနက်စာစားသွားအုန်းနော်"

"ဟုတ်ကဲ့ပါဗျာ"

"မောင် ကုမ္မဏီမှာ ငါ့မျက်စိတွေနားတွေရှိတယ်ဆိုတာမမေ့နဲ့နော် တစ်ခုခုဆိုတာနဲ့ ငါချက်ချင်းသိရမှာ"

"ကိုယ်သိပါတယ် အချစ်ရယ် စိတ်ချပါ"

"ပီးတာပဲ ငါမပါဘူးဆိုပီး ကားကိုမြန်မြန်မမောင်းနဲ့အုန်း"

"ဟုတ်ကဲ့ "

"သွားတော့ သွားတော့ မောင့်ကိုမြင်ရင်ငါလိုက်ချင်နေအုန်းမယ်"

"ကိုယ်စောစောပြန်ခဲ့မယ်"

မောင်ကသူ့နှုတ်ခမ်းကိုနမ်းပီးထွက်သွားသည်။

"ပါးပါးရဲ့ကစ်လေးရေ နေ့လယ်ရောက်ရင်ဆေးခန်းသွားပြမယ်နော် မကြောက်ရဘူး ပါးပါးရှိတယ် ကစ်လေးနေကောင်းမှ ပါးပါးလဲစိတ်ချမ်းသာရမှာမို့ နေမကောင်းမဖြစ်ပါနဲ့ကစ်လေးရယ်"

အေးချမ်းစေတစ်ယောက်ကစ်လေးကို ချီပီးလမ်းလျှောက်လိုက် စကားတွေပြောလိုက်နဲ့
အလုပ်ရှုပ်နေသည်။

ကုမ္မဏီတွင်အစည်းဝေးခန်းထဲ၌မိုးထက်ယံတစ်ဖက်ကုမ္မဏီမှပူးပေါင်းဆောင်ရွတ်ရန်ပြလာသော လုပ်ငန်းအသစ်ကိစ္စများနှင့်အလုပ်ရှုပ်နေသည်။

ငါကမင်းရဲ့ပိုင်ရှင်Where stories live. Discover now