Chapter 91

1.8K 117 3
                                    

Chapter 91

ဒီလို အေးလိုက် ပူလိုက် ရာသီဥတုက
ပင်လယ်ကမ်းခြေကို သွားရန် အသင့်တော်ဆုံးဖြစ်လေတယ်။ နှစ်ရက်လုံးလုံး ဆော့ကစားနိုင်လေတယ်။
ဒါကြောင့် လုချန်ဟဲက သူ့ကို ပင်လယ်စာစားဖို့ ပင်လယ်ကမ်းခြေကို ခေါ်ဆောင်သွားပေးတယ်။
ဘာလို့လဲဆိုတော့ သူ့ရဲ့
သရေစာစားတတ်တဲ့အကျင့်ကြောင့်ပဲ။ သူ ပင်လယ်ကမ်းခြေမှာ သူ့ကို ကြိုက်သလောက်
စားခွင့်ပေးတယ်။

ကမ်းခြေပြင်မှာ ခြေဗလာနဲ့ အသေးလေးက
အရူးလေးလိုမျိုး ရဲတိုက်လေးဆောက်နေတာကို
ကြည့်နေရတယ်။ ရှေးခေတ်ရဲတိုက်ပုံလေး
မဆောက်နိုင်ဘဲ သဲတွေဟာ ပြိုကွဲသွားလေတယ်။
သူလေးက ဂေါ်ပြားကိရိယာသေးသေးလေးနဲ့ အပြင်းအထန် လုပ်နေတာကို တွေ့လိုက်တော့
လုချန်ဟဲ အလျန်အမြန် နဲ့ နေကာမျက်မှန်ကို
တပ်လိုက်ပြီး မျက်ဝန်းတွေ ပိတ်လိုက်လေတယ်။

ကျောက်နင်း တိုက်ရိုက် လုချန်ဟဲငပျင်းပေါ်မှာ တိုက်ရိုက်ထိုင်လိုက်ပြီး နေကာမျက်မှန်ကို ဆွဲချွတ်လိုက်တယ်။

" မင်း အိပ်မပျော်သေးဘူးဆိုတာ ငါ သိတယ်!
မင်း ငါ့ကို ချောင်းကြည့်နေတာ!"

လုချန်ဟဲ ပြုံးလိုက်တယ်။

" ဟုတ်ပ...
မင်းကိုကြည့်ရတာ ကလေးလောက်တောင်
မကောင်းဘူး..
တခြားသူတွေ ကြည့်အုံး....
ပြီးရင် မင်းကိုမင်း ပြန်ကြည့်..."

မှီလိုက်ပြီးနောက် လုချန်ဟဲက အသက် ခုနှစ် ရှစ်နှစ်အရွယ်ကလေးနှစ်ဦးက သဲပုံဆောက်နေတာကို
  ကြည့်နေတာ တွေ့လိုက်ရတယ်။ ဒါပေမဲ့ အနည်းဆုံးတော့ ကလေးတစ်ယောက်က မြို့နံရံလေးကို အောင်အောင်မြင်မြင် နဲ့ ဆောက်နိုင်နေလေတယ်။

" မင်းကိုမင်း ပြန်ကြည့်အုံးလေ...
မေ့လိုက်ပါတော့...
ပြောမနေတော့ဘူး..."

လုချန်ဟဲဘေးမှာ ကျောက်နင်း လဲလျောင်းလိုက်ရင်း
ညီးညူလိုက်လေတယ်။

"ငါက ကစားရုံကစားနေတာပါနော်!
အတည်ကြီး ဆောက်နေတာမှ မဟုတ်တာ!
ဒီလိုမဟုတ်ရင် ကလေးတောင် ဆောက်နိုင်တာကို ငါက မလုပ်တတ်စရာလား!
ပြီးတော့ မင်းကလဲ ငါ့ကို အထင်သေးတယ်ပေါ့လေ!"

ပူတင်းလေး၏နေ့စဥ်ဘဝ (book2)Where stories live. Discover now