Chapter 94

444 78 1
                                    

Chapter 94

ဆံပင်ညှပ်ထားတဲ့ ကျောက်နင်းဟာ
အရမ်းကို handsome ဖြစ်နေတာက သူ့ကို ပျော်ရွင်စေလေတယ်။

သူ နောက်တစ်နေ့ စာသင်ခန်းထဲကို သွားချိန်ကဆိုရင်
သုံးယောက်၊ ငါးယောက် စုနေတဲ့
မိန်းကလေးအုပ်စုတွေဟာ သူ့ကို ခဏ ခဏ လာရောက် ခိုးခိုးကြည့်နေတာက တဟုန်းထိုး တက်လာတော့တယ်။
တစ်ချက်လောက် ကြည့်လိုက်ရုံလေးနဲ့ သူ့အကြောင်းကို နူးနူးညံ့ညံ့လေး စကားတွေပြောရင်း ကျယ်လောင်စွာ ရယ်မောနေကြတယ်။

   သို့သော်လည်း....
သူ့ရဲ့ ကိုယ်ပိုင်တန်ဖိုးနဲ့ အလှတရားအပေါ် ကွန်ဖီးဒန့်ရှိနေတတ်တဲ့ ကျောက်နင်းဟာ မနေ့က လုချန်ဟဲ ရဲ့ ရုပ်ဆိုးတယ်လို့ ဆန်းစစ်ဝေဖန်မှုကို ဖြတ်ကျော်ခဲ့ရတာကို သတိရသွားပြီး သူ့ရဲ့ ကွန်ဖီးဒန့်လေးဟာ ရုတ်တရက် ပြုတ်ကျသွားရတော့တယ်။ အရင်ကဆို
ဆယ်မိနစ်ကြာအောင် ရေချိုးတယ်။
မနေ့ညတုန်းက ရေချိုးခန်းထဲမှာ တစ်နာရီကျော်လောက် ကြာအောင် ရေချိုးခဲ့ပြီး မှန်ရှေ့မှာ အလှအပ အတွက် တစ်နာရီလောက် အချိန်ယူခဲ့သေးတယ်။

အခု သူ့အကြောင်းပြောနေတဲ့ မိန်းကလေးတွေကို မြင်လိုက်တဲ့အခါမှာ အလိုလို သူ့ဆံပင်ကို လက်နဲ့ ဆုပ်ကိုင်မိလိုက်ပြီး လုနျဥ်ချီကို တီးတိုးပြောလိုက်တယ်။

" ငါ့ hairstyle အသစ်က
တကယ်ကြီး ရုပ်ဆိုးနေတာလား?"

လုနျဥ်ချီက သူ့ကို ခဏလောက် ထူးဆန်းတဲ့အကြည့်နဲ့ ကြည့်လိုက်တယ်။

" မင်းက မသိချင်ယောင်ဆာင်ပြီး
ငါ မင်းကို ချီးမွမ်းစေချင်တာလား?"
ဒီနေ့ လူတိုင်းက သူ့ကိုတောင် မမြင်ကြဘူးလေ။
သူက အရမ်းချောမောခန့်ညားလွန်းလို့ မနာလိုဖြစ်ချင်စရာကောင်းနေတာကို
သူက ရုပ်ဆိုးနေတာလားလို့ မေးတာက?
ဒါက Xue Baming full score ရတာနဲ့ တူနေပြီး၊
ဒီ မေးခွန်းက annoyance Level ကို ကျော်ဖြတ်ဖို့
တကယ့်ကို ခက်ခဲလေတယ်။

ကျောက်နင်းက ခုံဆီ တည့်တည့်သွားလိုက်ပြီး
နှာခေါင်းရှုံ့လိုက်တယ် ။

" မနေ့ညက လုချန်ဟဲက ဒါကို ကြည့်မကောင်းဘူးလို့ပြောတယ်ကွာ...ဆံပင်ညှပ်ဖို့ သူက ငါ့ကို မေးတယ်လေ..
ငါကလဲ ငါ့ကိူ အတော်ဆုံး ဆံပင်ညှပ်ဆရာခေါ်ပေးရမယ်ပြောတော့ သူက ခေါ်ပေးတယ်ကွာ...
ညှပ်ပြီးသွားတော့ ငါ တကယ် တော်တော်လေး  စိတ်ကျေနပ်နေတာ..ဒါပေမဲ့ သူက
ကြည့်မကောင်းဘူးလို့ ပြောတယ်"

ပူတင်းလေး၏နေ့စဥ်ဘဝ (book2)Where stories live. Discover now