Chapter 92

455 90 3
                                    

Chapter 92

ညအချိန် အိမ်၌ ကျောက်နင်းဟာ
ကျောင်းမှာ ကြားခဲ့ရတဲ့ ကောလဟာလတွေနဲ့ အတင်းအဖျင်းတွေကို လုချန်ဟဲကို ပြန်လည်ပြောပြနေတော့တယ်။ cafeteria မှာ သူ တွေ့ခဲ့ရတဲ့ ကောင်လေးရဲ့ ပုံစံကို အတုခိုးပြီးတော့ပေါ့။ ခေါင်းကို ပင့်ပြီး ခြေဖျားလေးကို မြောက်ကြွ၊
မြောက်ကြွနဲ့ လမ်းလျှောက်နေတာကို ပြသလိုက်ပြီး သူ့မျက်ဝန်းတွေဟာ တောက်ပကာ ရောင်ပြန်ဟပ်နေလေတယ်။

" ကြည့်...
ဒီလိုမျိုးပဲ....
သူကလေ ငါတို့အရှေ့မှာ အာ့လို လမ်းလျှောက်သွားတာပါဆိုနေ...ငါတို့ကို ကြည့်တောင် မကြည့်သွားဘူး"

လုချန်ဟဲက ရှင်သန်နေတဲ့ရတနာတုံးလေးလိုမျိုး သူလေးကို ကြည့်လိုက်ကာ ရယ်မောလိုက်တယ်။
" ပုံကြီးချဲ့တာပဲ...
တကယ် လူတစ်ယောက်က ဒီလို
လျှောက်တတ်လို့လား...အရူးလို ဖြစ်နေမှာတောင်
စိုးမိတယ်..."

လုချန်ဟဲ ရဲ့ မယုံကြည်နိုင်တာကို မြင်လိုက်တော့
ကျောက်နင်း ကုတင်ပေါ် ခုန်တတ်လိုက်ကာ သူ့ကို
ကြည့်စေရန် လုချန်ဟဲရဲ့ ခေါင်းကို ဆွဲယူလိုက်တယ်။
" တကယ်ပါဆိုနေမှ!
တကယ်လို့ ငါ့ကို မယုံရင် လုနျဥ်ချီ ကို မေးကြည့်!"

လုချန်ဟဲက သူလေးရဲ့လက်ကို အဝေးကို တွန်းဖယ်လိုက်ပြီး လက်ထဲက မဂ္ဂဇင်းကို ငုံ့ကြည့်လိုက်တယ်။
သူ့ရဲ့ယခင်က အလေ့အကျင့်အရ...
အိပ်ရာမဝင်ခင်မှာ စာဖတ်ရတာကို သဘောကျပေမဲ့ ဒီအလေ့အကျင့်ဟာ ပူတင်းလေးကြောင့် မသိလိုက်မသိဘာသာ ပြိုကွဲသွားရပြီ...။ အဘယ်ကြောင့်ဆိုသော်  စာအုပ်ဖတ်ခြင်းက
စာသားတွေကို အာရုံစိုက်ဖို့ တိတ်ဆိတ်တဲ့
ပတ်ဝန်းကျင် ရှိရန် လိုအပ်တာကြောင့်ပဲ။
ပြီးတော့ ပူတင်းလေးက လူပုံစံဖြစ်ဖြစ်၊ ခွေးပုံစံပဲ ဖြစ်ဖြစ် တစ်နာရီရဲ့ လေးပုံပုံတစ်ပုံအောက်ကိုတောင် တိတ်တိတ်မနေတတ်ဘဲ အမြဲတမ်း ဆူညံနေလေ့ရှိတယ်။
ရုတ်တရက် သူလေးကို ဘာပြောရမလဲ စဥ်းစားလို့လဲ
မရဘူး။

အဆုံးမှာ လုချန်ဟဲဟာ တကယ့်ကို
စာဖတ်ခြင်းအပေါ် အာရုံစိုက်လို့
မတတ်နိုင်တော့ပေမဲ့လဲ အိပ်ရာမဝင်ခင်
စာဖတ်ခြင်းကို အကျွမ်းတဝင် ရှိနေပြီးသားမို့...
အခု သူဟာ
အဓိကပထဝီဝင်ခရီးသွားလာရေး ဆိုင်ရာ မဂ္ဂဇင်းကို အိပ်ရာမဝင်သေးခင်လေးမှာပဲ ခဏလောက်
ဖတ်ဖို့ လုပ်နေခြင်းပင်။ သူဟာ
တခြားသူတွေ ရိုက်ကူးထားတဲ့ ရှုခင်းပုံတွေကို အသိအမှတ်ပြုမိလေတယ်။

ပူတင်းလေး၏နေ့စဥ်ဘဝ (book2)Where stories live. Discover now