Chapter 97

702 82 2
                                    

Chapter 97

ကျောင်းသားကျောင်းသူတွေအတွက် ဘဝမှာ
အပျော်ဆုံးအရာက အားလပ်ရက်ပဲ ဖြစ်နေတယ်။ အတန်းကို သုံးလသာ တတ်ရတဲ့ ကျောင်းသားတစ်ဦးအနေနဲ့ အပျော်ရွင်ဆုံးအရာကတော့
အတန်းပြီးဆုံးသွားတာပဲ ဖြစ်တယ်။
သူ့ကို ဒီလူပတ်ဝန်းကျင်နဲ့ ပိုမို
ရင်းနှီးလာစေရန်အလို့ငှာ လုချန်ဟဲက
modern history မှာ အတန်းတတ်ဖို့ သူ့ကို ကမ်းလှမ်းခဲ့တယ်။ ကျောက်နင်းဟာ သမိုင်းသင်ခန်းစာတွေကို နားထောင်ရင်း ကြီးပြင်းလာခဲ့တာကို သိသင့်တယ်။ သူ ထင်တာက လုချန်ဟဲက သူ့ကို စကားပြောသင်တန်းတန်ခိုင်းမယ်လို့ ထင်မြင်ခဲ့မိတယ်။ ဘာပဲဖြစ်ဖြစ် ဒါက အရည်အချင်းပဲလေ။ တော်လှန်ရေးခေတ်မီလှုပ်ရှားမှု သမိုင်းတွေကို ဘယ်သူက သိချင်မှာလဲလို့!

နောက်ဆုံး အတန်းချိန်ပြီးနောက်...
လူအများကြီးဟာ ပါမောက္ခ ဂျင်ထံ စုရုံးလာကြပြီး ဝမ်းနည်းလွယ်တဲ့မိန်းကလေးအများစုကဆိုရင် မျက်လုံးလေးတွေ နီနီရဲရဲနဲ့ ဖြစ်နေကြတယ်။

ကျောက်နင်းက သူ့ကျောင်းစာအုပ်တွေကို လွယ်အိတ်ထဲ လွယ်လွယ်ကူကူ ထည့်သွင်းလိုက်ပြီးနောက်...
ကောင်းမွန်နေတဲ့ စိတ်အခြေအနေကြောင့် သီချင်းလေးတောင် တိုးတိုးညည်းနေလိုက်တယ်။
ကြာရှည်စွာ ပျောက်ကွယ်သွားခဲ့တဲ့ အရသာအတုလေးက သူ့ကို နည်းနည်း ပျော်ရွင်စေတယ်။

တစ်ဖက်မှာ လုနျဥ်ချီဟာ စားပွဲခုံပေါ်ကို
ခေါင်းတင်ထားပြီး သူ့ကို သနားစဖွယ်လေး
ကြည့်နေတယ်။

" အနာဂတ်မှာ ငါတို့တွေ အတန်းအတူတူ
တတ်ရတော့မှာ မဟုတ်ဘူးနော်...
နောက်ထပ် အတန်းတွေ စတဲ့အချိန်ဆိုရင်
မင်းက film schoolကို သွားမှာပေါ့?"

ကျောက်နင်း ခေါင်းညိတ်လိုက်တယ်။
" အတန်းကော အတူတူ ကစားလို့လဲ မရတော့ဘူးပေါ့...
တကယ်လို့ မင်း အဆင်ပြေရင်
ငါနဲ့အတူတူ လာကစားလေ..
နောက်ထပ် showတစ်ခု ငါ မယူခဲ့ရင်ပေါ့..."

လုနျဥ်ချီ မေးလိုက်တယ်။
" မင်းရိုက်ကူးရေးက ဘယ်အချိန်မှ ထွက်မှာလဲ?
မင်းရဲ့ show လာတဲ့အခါဆိုရင် မင်းက
အနုပညာရှင်ဖြစ်သွားပြီနော်...
ပြီးတော့ သူတို့တွေကြောင့်
အပြင်ထွက်ရတာ အဆင်မပြေတော့ဘူး"

ပူတင်းလေး၏နေ့စဥ်ဘဝ (book2)Where stories live. Discover now