Chapter 95

343 61 0
                                    

Chapter 95

စာတမ်းဖတ်ပွဲနေ့၌ ရွေးချယ်ခဲ့တဲ့နေရာဟာ
outdoor ဘက်မှာ ဖြစ်ပြီး၊
နေ့အပူချိန်ကလည်း
အသင့်အအတင့် အဆင်ပြေနေတာကြောင့်
outdoor ဘက်မှာ ကျင်းပမှာ ဖြစ်တယ်။
ကျင်းပရာနေရာက တော်တော် ကျယ်ဝန်းလေတယ်။
လွန်ခဲ့တဲ့ နှီးနှောဖလှယ်ပွဲလိုမျိုး ဧည့်သည်တော်တွေကို စိတ်အနှောင့်အယှက် ဖြစ်စေတဲ့ လူတစ်ချို့ကို ရှောင်ရှားရန်အတွက် အတန်းတစ်ခုချင်းစီက စီနီယာတွေက attendance ကို တွက်ချက်ကောက်ယူပေးရမှာဖြစ်တယ်။ သို့သော်လည်း...Guest Listကို ကြေညာပြီးတဲ့ ဒီအချိန်မှာတော့... ကျောင်းသားတွေဟာ အရမ်းကို စိတ်အားထက်သန်နေကြောင်း ပြသနေခဲ့ကြတယ်။ ဒါကြောင့် attendance အတွက် မဖြစ်မနေလိုအပ်တာ မဟုတ်ပေမဲ့
အကောင်းဆုံး ကြည့်ရှုရန်နေရာက
စီနီယာတွေအတွက် သေချာလေတယ်။

ဒါကြောင့် ကျောက်နင်းနဲ့ လုနျဥ်ချီ ရောက်လာတဲ့အခါ...
သူတို့နှစ်ဦးအပြင်မှာ ရပ်ပြီး ကျင်းပရာနေရာရဲ့ လူအုပ်ကြီးကိုသာ ကြည့်နေလေတယ်။

" ငါ တယ်လီစကုတ် ယူလာသင့်တာကွာ..."

သူ့သက်ပြင်းချတာကို ကြားလိုက်တော့
လုနျဥ်ချီ ရယ်မောလိုက်တယ်။

" မင်း နေ့တိုင်း အကို ၂ကို မြင်နိုင်တာပဲလေ...
မဟုတ်ဘူးလား"

ကျောက်နင်း ပြောလိုက်တယ်။
" ဒါက မတူဘူးလေကွာ..."

အိမ်မှာဆိုရင် လုချန်ဟဲက ပေါ့ပေါ့ပါးပါး နေတတ်ပြီး၊  လုံးဝ သက်တောင့်သက်သာ ဖြစ်နေတတ်တာလေ။
သာမာန်လူတစ်ယောက်လိုပဲ။ ကုမ္ပဏီ မှာဆိုရင်
ညွှန်ကြားချက် အမိန့်တွေ ပေးလေ့ရှိပြီး
လုချန်ဟဲက ထိုင်နေကာ ညွှန်ကြားပေးရုံပဲ။

  ဒီနှီးနှောဖလှယ်ပွဲဟာ သူ လုချန်ဟဲကို ဒီတစ်ခါ
ပထမဆုံးအကြိမ် တွေ့ဆုံဖူးတာဖြစ်တယ်။
သူ ကောလိပ်မှာ ရှိနေစဥ်က အခုမတိုင်ခင်  ဟိုးအရင်က
ဘွဲ့ရများနှင့်ပတ်သက်တဲ့ ဆွေးနွေးပွဲကိုမြင်တွေ့ခဲ့ဖူးတယ်။ သူက လူမှုရေးကြောင့်
တစ်ချို့သူငယ်ချင်းတွေကို ပျော်ရ၊ ရွှင်ရအောင် ဖိတ်ကြားလေ့ရှိပြီး ကျောင်းသားတွေနဲ့လဲ
အပြန်အလှန် အဆက်အသွယ်ရှိခဲ့တယ်။ သူ တကယ်
လုချန်ဟဲ ဘယ်လိုပုံစံရှိမလဲဆိုတာ စိတ်တောင်မကူးနိုင်တာကြောင့် ဒါကို ရှင်းရှင်းလင်းလင်း မြင်ရဖို့အရေး ကြိုးပမ်းနေရလေတယ်။

ပူတင်းလေး၏နေ့စဥ်ဘဝ (book2)Where stories live. Discover now