Chapter 93

425 93 0
                                    

Chapter 93

ကျောင်းသွားကာ လိမ်မာနေတဲ့ကောင်လေးဟာ
ပြန်လာပြီး ဇိမ်ခံကားတစ်စီး ဝယ်မယ်လို့
ပြောနေလေတယ်။ သူ့ကို အထင်သေးတယ်လို့လည်း
ပြောနေသေးတယ်။ လုချန်ဟဲ ဒါကို
သိပ်စဥ်းစားနေစရာမလိုပေ။ ဒါဟာ လုဂျင်းရှန် နဲ့
ပတ်ကိုပတ်သတ်နေရမယ်။ ပူတင်းလေးဟာ
ဖုန်းကို ဖွင့်ပြီး account ကို စစ်ဆေးနေတာကို
မြင်လိုက်တော့ လုချန်ဟဲက ဒါကို မတားပါချေ။
ခဏလောက်ကြာပြီးနောက်...သူလေးက ကြမ်းကြုတ်နေတဲ့ မျက်နှာအမူအရာလေးကို တွေ့လိုက်ပြီး
တဖြေးဖြေးနဲ့ သူလေးဟာ စတင်ပြီး မျက်နှာအမူအရာမဲ့လာကာ လှည့်ကြည့်ပြီး သူ့ကို မေးလာလေတယ်။

" ဇိမ်ခံကားတစ်စီးက ဘယ်လောက်လောက်ရှိမလဲဟင်?"

လုချန်ဟဲက အေးဆေးစွာ ပြောလိုက်တယ်။
" မင်း ဘယ် levelကို သိချင်တာလဲ?"

ကျောက်နင်း ဒါကို တွေးလိုက်ပြီး မဝံမရဲ
ပြောလိုက်တယ်။
" Level တွေ ရှိတာလား?"

လုချန်ဟဲ ပြုံးလိုက်တယ်။
"ကားဌာနအားလုံးမှာ
မောင်းနှင်နိုင်တဲ့ heroတွေမလုံလောက်ဘူး...
Heroလို့ ခေါ်လို့ရတယ်...
ပုံမှန်ဆိုရင် သူတို့တွေက ကားဂိုဒေါင်ထဲမှာ
ရှေးဟောင်းကားတွေ ဒါမှမဟုတ် artwork အတွက် စုဆောင်းထားတာကိုပဲ ပြသထားတာ..."

"ဒါကြောင့် မင်းအတွက် scooter အဖြစ်သုံးလို့ရတဲ့ကားက စျေးကြီးတယ်...ဒါက ဇိမ်ခံကား မဟုတ်လား?"

ပူတင်းလေးရဲ့ မျက်နှာပေါ်ကအမူအရာကို ကြည့်ပြီး
လုချန်ဟဲ ခေါင်းညိတ်လိုက်တယ်။

" ဒါက နားလည်ရလွယ်ပါတယ်...
ကားတွေက ဘယ်လောက်ပဲ တန်ဖိုးကြီးမားနေပါစေ...
တန်ဖိုးမဖြတ်နိုင်တဲ့ artwork တွေနဲ့ ယှဥ်လို့မရဘူး..."

ကျောက်နင်း သူ့လက်ထဲက ကဒ်လေးကို
တိတ်တိတ်လေး ကြည့်ပြီး ဆိုဖာပေါ်ကို
ဝမ်းပန်းတနည်း လှဲချသွားတော့တယ်။

သူလေးကို ဒီလိုပုံစံလေး တွေ့လိုက်ရတော့ လုချန်ဟဲ ရယ်စရာလိုမျိုး ခံစားလိုက်ရတယ်။ ကြည့်ရတာ
ဒီထိုးနှက်မှုလေးက မလုံလောက်သေးဘူးလို့
သူ တွေးလိုက်ပြီး တမင်ရည်ရွယ်ကာ
မေးလိုက်တော့တယ်။

ပူတင်းလေး၏နေ့စဥ်ဘဝ (book2)Tahanan ng mga kuwento. Tumuklas ngayon